• Follow Us on

Home စစ်ကိုင်းမြို့နယ် ကျော်ဇေယျာကျေးရွာအနီးတွင် PDF အလောင်း ၂ လောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

စစ်ကိုင်းမြို့နယ် ကျော်ဇေယျာကျေးရွာအနီးတွင် PDF အလောင်း ၂ လောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇွန် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက နယ်မြေရှင်း နေသော လုံခြုံရေးအဖွဲ့များသည် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးအား တွေ့ရှိ၍ စစ်ဆေးရန် ခေါ်ယူစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ပစ်ခတ်ဖမ်းဆီးခဲ့စဉ် အကြမ်းဖက် PDF ၂ လောင်းနှင့်အတူ မိုရီမု ၂ ခု၊ ဒီတိုနေတာ ၅ ချောင်း၊ ၁၂ ဗို ဘတ္ထရီ ၁ လုံး၊ ဆားကစ်ပြား ၁ ခု၊ 9V ဓာတ်ခဲ ၃ လုံးနှင့် ဝါယာကြိုး(ပေ ၅၀ ခန့်) ၁ ခွေတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

 

#PeopleMedia


Share this post