• Follow Us on
Latest News

Home စစ်တန်းလျားနေ စစ်သည်များ လူမှုအဆင့်မြှင့်တင်ဖို့အတွက် အမေရိကန်ကြည်းတပ် ဒေါ်လာ ၂.၄ ဘီလျံ ကွန်ဂရက် လွှတ်တော်မှာ တောင်းခံသွားမည်

စစ်တန်းလျားနေ စစ်သည်များ လူမှုအဆင့်မြှင့်တင်ဖို့အတွက် အမေရိကန်ကြည်းတပ် ဒေါ်လာ ၂.၄ ဘီလျံ ကွန်ဂရက် လွှတ်တော်မှာ တောင်းခံသွားမည်

Share this post

နိုင်ငံတကာ၊ မတ် ၂၀

 

စစ်တန်းလျားတွေမှာနေထိုင်တဲ့ စစ်သည်တွေရဲ့ လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့အတွက် အမေရိကန်ကြည်း တပ်က ကွန်ဂရက်လွှတ်တော်မှာ ဒေါ်လာ ၂.၄ ဘီ်လျံတောင်းဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

အစိုးရထောက်ပံ့ထားတဲ့ စစ်တန်းလျားတချို့ဟာ စစ်သည်တွေအတွက် ကျန်းမာရေး/ဘေးကင်းလုံခြုံမှုနဲ့မညီ ညွတ်ဘဲ အန္တရာယ်ရှိကြောင်း အမေရိကန်အစိုးရ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ရဲ့ အစီရင်ခံစာထွက်ပေါ် လာပြီးနောက်မှာ အခုလို ဘတ်ဂျက်တောင်းခံမယ့်ကိစ္စ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

တင်ပြထားတဲ့ဘတ်ဂျက်အရ လူစီယားနားပြည်နယ်က ဖို့တ်ဂျွန်ဆင်တပ်စခန်း၊ မစ်ဇူရီပြည်နယ်က ဖို့တ်လီယို နတ်ဝု (ဒ်) တပ်စန်း၊ ဝါရှင်တန်ပြည်နယ်က လူးဝစ်-မက်ကော့ဒ် ပူးတွဲတပ်စခန်း၊ ဗာဂျီးနီးယားပြည်နယ်က မိုင် ယာ-အင်ဒါဆန်ဟော ပူးတွဲတပ်စခန်းနဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ပတ်က်အရံတပ်ဖွဲ့လေ့ကျင့်ရေးသင်တန်း ကျောင်းတို့မှာ စစ်တန်းလျား ၉ ခု တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ဂျာမနီနဲ့ ပါဝါတိုရီကိုကျွန်းမှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်စစ်သည်တွေအတွက် စစ်တန်းလျားအသစ် တွေ တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

အမေရိကန်ကြည်းတပ်စစ်တန်းလျားတွေကို ပုံမှန် ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ကြည်းတပ်ဟာ သီးသန့် ဘတ် ဂျက်တစ်ခုကို ကြိုတင်လျာထားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“စစ်သည်တွေဟာ ကျွန်တော်တို့အတွက် ထိပ်တန်းဦးစားပေးပါ။ ပြီးခဲ့တဲ့နှစ်နှစ်ကြာအောင် ကြည်းတပ်ခေါင်း ဆောင်တွေဟာ စစ်သည်တွေအတွက် အရည်အသွေးကောင်းမွန်တဲ့ အိမ်ရာ/စစ်တန်းလျားတွေထောက်ပံ့ပေးဖို့ လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါတယ်။” လို့ ကြည်းတပ်ဒုတိယအတွင်းဝန် ဂေ့ဘ်ကမ်မရီလိုက ပြောပါတယ်။

 

မိလ္လာအညစ်အကြေးတွေလျံတက်နေပြီး မီးသတ်စနစ်တွေပျက်စီးနေတဲ့ အမေရိကန်ကြည်းတပ် စစ်တန်းလျား ပုံတွေကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန်အစိုးရတာဝန်ခံမှုရုံး (US Government Accountability Office – GAO) က ထုတ်ပြန်ခဲ့ပါတယ်။

 

တချို့စစ်တန်းလျားတွေဟာ အဆင့်နိမ့်ပြီး သီးသန့်လွတ်လပ်မှုနဲ့ အခန်းဖွဲ့စည်းမှုတွေက ပင်တဂွန်စစ်ဌာနချုပ်က ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ မညီဘူးလို့ GAO က ပြောပါတယ်။

 

အမျိုးသမီးစစ်သည်တစ်ဦးဖြစ်တဲ့ ဒါနာအက်စ်ထရီလာအနေနဲ့ ၎င်းမသိတဲ့တခြားအခန်းဖော်တစ်ဦးနဲ့ ဆန္ဒမရှိဘဲ အတူတူနေရကြောင်း ရိုက်ကူးပြထားတဲ့လိုင်းပေါ်က တစ်တော့ခ်က GAO ရဲ့ ဆန်းစစ်လေ့လာမှုကို ထပ်မံအ တည်ပြုလိုက်တယ်လို့ ဆိုပါတယ်။

 

စစ်တန်းလျားတွေမှာ အခြေအနေဆိုးရွားစွာနေထိုင်ရခြင်းဟာ စစ်သည်တွေရဲ့စိတ်ဓာတ်ကို ထိခိုက်စေနိုင်သလို စစ်သည်တွေရဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ GAO အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

 

GAO အစီရင်ခံစာထွက်ပေါ်လာတဲ့အတွက် တပ်မတော်အိမ်ရာနဲ့ စစ်တန်းလျားတွေ တည်ဆောက်ဖို့နဲ့ အဆင့် မြှင့်တင်ဖို့အတွက် ဘတ်ဂျက်တိုးမြှင့်တောင်းခံဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို အမေရိကန်အထက်လွှတ်တော်အမတ် တွေက တောင်းဆိုခဲ့ပါတယ်။

 

Ref: US Army Seeks $2.4B to Improve Soldiers’ Living Conditions

 

#PeopleMedia


Share this post