• Follow Us on
Latest News

Home စစ်တွေတက္ကသိုလ်၌ တပ်မတော်မှ ဝင်ရောက်တပ်စွဲနေရာယူခြင်းများမရှိကြောင်း နစကထုတ်ပြန်

စစ်တွေတက္ကသိုလ်၌ တပ်မတော်မှ ဝင်ရောက်တပ်စွဲနေရာယူခြင်းများမရှိကြောင်း နစကထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

AA အဖွဲ့၏ ထိုးစစ်အရှိန်မြှင့်လာသဖြင့် စစ်တွေတက္ကသိုလ်ဝန်းထဲ၌ နိုဝင်ဘာလ ၂၇ ရက်တွင် တပ်မတော်သား များ ဝင်ရောက် တပ်စွဲနေရာယူပြီး မြို့တွင်း အထပ်မြင့် အဆောက်အဦများပေါ်၌ အထိုင်ချရန် ပြင်ဆင်နေ ကြောင်းနှင့် ထိုသို့ နေရာယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များအား လူသားဒိုင်အဖြစ် အသုံးချခြင်းဖြစ်သည်ဟု မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာ များမှတဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ သတင်းနှင့်ပတ်သက်၍ စစ်တွေတက္ကသိုလ်၌ တပ်မတော်မှ ဝင်ရောက်တပ်စွဲနေရာယူခြင်းများ မရှိ ကြောင်းနှင့် ကျောင်းဖွင့်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းဧရိယာပြင်ပ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ပေးခြင်းများသာရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိ သူများထံသို့ ဆက်သွယ်မေးမြန်ချက်များအရ သိရကြောင်း ထုတ်ပြန်ထားသည်။

 

ပြည်ဖျက် မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်နှင့် တပ်မတော်မှ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေမှုများအပေါ် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ယခုကဲ့သို့ မဟုတ်မမှန် သတင်းတု သတင်းမှားများ ထုတ်ပြန်ရေးသားကာ တပ်မတော်၏ ပုံရိပ်ကျဆင်းအောင် တမင် ဖန်တီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post