စစ်တွေမြို့တွင် အမြန်ရေယာဉ်ပေါ်ရှိ ခရီးသည် ၁ ဦးထံမှ ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - August 24, 2023
နေပြည်တော်၊ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမြန်ရေယာဉ်ပေါ်ရှိ ခရီးသည် ၁ ဦးထံမှ ငွေကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ အမြန်ရေယာဉ်ဂိတ်တွင် စစ်တွေမြို့မှ ဘူးသီး တောင်မြို့ဘက်သို့ ထွက်ခွာမည့် အမြန်ရေယာဉ်အား စစ်ဆေးရှာဖွေရာ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မောင်လှသိန်း ၏ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်လှသိန်း (၄၆) နှစ်အား စစ်တွေနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia