• Follow Us on
Latest News

Home စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးတွင် စက်လှေမှောက်ပြီး မျောလာသည့် ဘင်္ဂလီများတွေ့ရှိ

စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးတွင် စက်လှေမှောက်ပြီး မျောလာသည့် ဘင်္ဂလီများတွေ့ရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၉

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာကျေးရွာအနီးတွင် သြဂုတ်လ ၇ ရက်က စက်လှေမှောက်ပြီး ရေထဲမျော လာသည့် ဘင်္ဂလီများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

သြဂုတ်လ ၇ ရက် ညနေ ၄ နာရီအချိန်ခန့်က စစ်တွေမြို့၊ ဘာဆာရာကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် မလေးရှားသွားမည့် ဘင်္ဂလီအချို့ စက်လှေပျက်၍ ရေပုံးများဖြင့် မျောပါလာကြောင်း သတင်းအရ တာဝန်ရှိ သူများမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအနောက်ဘက်ရှိ ပင်လယ်ကမ်းစပ်၌ ဘင်္ဂလီအမျိုးသား ၈ ဦးနှင့် ရေနစ်သေဆုံးနေသည့် ဘင်္ဂလီအမျိုးသမီး ၂ ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ ၎င်းတို့မှာ မလေးရှာနိုင်ငံသို့ သွားရောက်ရန် သြဂုတ်လ ၆ ရက် ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ အနောက်ပြင်မှနေ၍ စက်လှေဖြင့် ထွက်လာခဲ့ကြသူများဖြစ်ကြောင်း၊ စစ် တွေမြို့ ပွိင့်ကမ်းခြေအနီး လှိုင်းဒဏ်ကြောင့် တိမ်းမှောက်ပျက်စီးရာမှ မျောပါလာခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေပေါ်တွင် ဘင်္ဂလီ ၅၀ ကျော်ပါလာကြောင်း သိရသည်။

 

#PeopleMedia


Share this post