စစ်ပွဲကာလတစ်လျှောက် ရုရှားနိုင်ငံက ဒုံးကျည် အစင်း ၇,၄၀၀ နဲ့ ဒရုန်းအစင်း ၃,၇၀၀ အသုံးပြုပြီး ယူကရိန်း ကိုတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရပြော
PUBLISHED - December 22, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂
ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ ၂၂ လအတွင်း ဒုံးကျည်အစင်းရေ ၇,၄၀၀ ဝန်းကျင်နဲ့ Shahed တိုက်ခိုက်ရေးဒရုန်းအစင်းရေ ၃,၇၀၀ ဝန်းကျင် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရက ကြာ သတေးနေ့ (ဒီဇင်ဘာလ ၂၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ရုရှားဒုံးကျည်အစင်းရေ ၁၆၀၀ နဲ့ ဒရုန်းအစင်းရေ ၂၉၀၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်ပြောခွင့်ရပုဂ္ဂိုလ် ယူရီအီနတ်က ပြောပါတယ်။
“ကျွန်တော်တို့ အင်မတန်ကြီးမားလှတဲ့ တိုက်ခိုက်ရေးအင်အားနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ပြန်လည်တိုက်ခိုက်နေ ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဒုံးကျည်ပစ်ချနိုင်တဲ့အရေအတွက်နည်းပါးရခြင်းအကြောင်းက ပစ်ချဖို့ ပိုမိုခက်ခဲတဲ့ ဆူပါဆောနစ်ပဲ့ထိန်း ဒုံး ကျည်တွေကို အသုံးပြုပစ်ခတ်ခဲ့တာကြောင့်ဖြစ်သလို စစ်ပွဲအစပိုင်းမှာသာ ကောင်းစွာအသုံးပြုနိုင်တဲ့ ပက်ထရီ ယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အနောက်နိုင်ငံတွေက ယူကရိန်းကိုထောက်ပံ့ခဲ့တယ်ဆိုတဲ့ အ ချက်ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
စစ်ပွဲကာလတစ်လျှောက် ပက်ထရီယော့ဒုံးကျည်စနစ် လေးငါးခုအပါအဝင် လေကြောင်းရန်ကာကွယ်ရေးစနစ် တွေကို အနောက်နိုင်ငံတွေဆီကနေ ယူကရိန်းနိုင်ငံက လက်ခံရရှိခဲ့ပြီး အဲဒီလေကာဒုံးတွေနဲ့ ဒုံးကျည်အများ အပြားကို ပစ်ချနိုင်ခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာရှိပြီး ရှေ့တန်းစစ်မြေပြင်နဲ့ အလှမ်းဝေးကွာလှတဲ့ ယူကရိန်းအခြေခံအဆောက်အဦတွေကို တိုက်ခိုက်ရာမှာ ရုရှားတပ်တွေဟာ ဈေးနှုန်းချိုသာတဲ့ အီရန်ထုတ် Shahed ဒရုန်းအများအပြားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။
“ဒေသ ၁၀ ခုကနေ ၁၅ ခုအထိ Shahed ဒရုန်းတွေနဲ့ ညတိုင်း တိုက်ခိုက်ခံရပါတယ်။” လို့ အီနတ်က ပြောပါတယ်။
ရုရှားအစိုးရက ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့လည်း ရုရှားနိုင်ငံ အနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်နေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
စစ်ပွဲအတွင်း အရပ်သားအသေအပျောက် အများအပြားရှိပေမဲ့လည်း ရုရှားအစိုးရကတော့ ၎င်းတို့အနေနဲ့ အရပ် သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း ပြောဆိုပါတယ်။
ရုရှားဘက်က ဈေးသက်သာတဲ့ဒရုန်းတွေကို ထုတ်လုပ်ပြီး အစုလိုက်အပြုံလိုက်သုံးစွဲလာတဲ့အတွက် အဲဒီဒရုန်း တွေကို ဈေးကြီးတဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့အတွက် ကုန်ကျစရိတ်နဲ့ ထိရောက်မှု မကာမိတာကြောင့် ယူကရိန်းဘက်မှာ ရွေးချယ်စရာအခက် အခဲကြီးကြီးမားမားဖြစ်လာပါတယ်။
လက်ရှိအချိန်မှာတော့ ဒရုန်းတွေကို ပစ်ချဖို့အတွက် စက်သေနတ်တွေတပ်ဆင်ထားတဲ့ ယာဉ်တွေကို ယူကရိန်း ဘက်က အသုံးပြုနေရပါတယ်။
“ကျွန်တော်တို့ ပစ္စတိုတွေ၊ စက်ကလေးတွေလို ရှိသမျှ လက်နက်အားလုံးနဲ့ ပစ်ချပါတယ်။ ဒါတောင်မှ ပစ်မှတ် က မလွယ်ကူမရိုးရှင်းပါဘူး။ ရှုတ်ထွေးမှုတွေ၊ အမှားအယွင်းတွေ အများကြီးရှိပါတယ်။ သေသေချာချာ ပြင်ဆင် ထားဖို့လိုပါတယ်။” လို့ အီနတ်က ပြောပါတယ်။
အနောက်တိုင်းမီဒီယာတွေနဲ့ ဆန်းစစ်လေ့လာသူတွေကတော့ ရုရှားနိုင်ငံက ကိုယ်ပိုင် Shahed ဒရုန်းစက်ရုံ တွေတည်ဆောက်ထားတဲ့ပုံတွေပါဝင်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအပါအဝင် သက်သေအထောက်အထားများစွာကို ဖော်ပြပေးခဲ့ပါတယ်။
Ref: Russia Has Fired 7,400 Missiles, 3,700 Shahed Drones in War So Far, Kyiv Says
#PeopleMedia