စစ်ပွဲကြောင့် လူဦးရေ ၇၀၀၀ ကျော်သေဆုံးသွားပြီဖြစ်တဲ့အတွက် အာဖရိကသမဂ္ဂအကူအညီကို မလိုအပ် ကြောင်း ဆူဒန်စစ်ခေါင်းဆောင် အယ်လ်ဘာဟန်ပြော
PUBLISHED - September 11, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁
ပြည်တွင်းစစ်ပွဲကြောင့် လူဦးရေ ၇၀၀၀ ကျော် သေဆုံးသွားပြီဖြစ်တဲ့အတွက် နိုင်ငံရဲ့ ငါးလနီးပါးကြာပဋိပက္ခကို ဖြေရှင်းဖို့အတွက် အာဖရိကသမဂ္ဂအကူအညီကို မလိုအပ်ကြောင်း ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗ ဒယ်ဖာတာ အယ်လ်ဘာဟန်က စနေနေ့ (စက်တင်ဘာလ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အာဖရိကသမဂ္ဂကော်မရှင်အကြီးအကဲ မိုဆာဖာကီမဟာမက် ပြီးခဲ့တဲ့သီတင်းပတ်က နိုင်ငံရေးအကြံပေးတစ်ဦး၊ ဆူဒန်စစ်တပ်နဲ့ RSF လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီးကတည်းက သံတမန်ရေးတင်းမာမှုတွေက ပိုမိုဆိုး ရွားလာခဲ့ပါတယ်။
ဆူဒန်စစ်တပ်နဲ့ RSF လက်နက်ကိုင်အဖွဲ့ကြား ဧပြီလ ၁၅ ရက်နေ့ကတည်းက စတင်ဖြစ်ပွားလာတဲ့ ပြည်တွင်း စစ်ကြောင့် လူဦးရေ ၇၅၀၀ နီးပါး သေဆုံးသွားပြီဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခနေရာနဲ့ ဖြစ်စဉ်သတင်းအ ချက်အလက်အဖွဲ့ (ACLED) က ပြောပါတယ်။
တိုက်ပွဲတွေက နေရာအနံှ့အပြားမှာဖြစ်နေတဲ့အပြင် တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကလည်း ၎င်းတို့တပ်ဖွဲ့တွေက ကျ ဆုံးစာရင်းတွေကို ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့အတွက် ဆူဒန်နိုင်ငံပြင်ပဘက်က အသေအပျောက်စာရင်း တွေကို သတင်းထုတ်ပြန်ဖို့ပျက်ကွက်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများလည်းဖြစ် မြေပြင်အကူအညီပေးရေးအ ဖွဲ့လည်းဖြစ်တဲ့ ACLED အဖွဲ့က ပြောပါတယ်။
အကြမ်းဖက်တိုက်ပွဲအများအပြားဟာ ခါတွန်မြို့နဲ့ ဒါဖာြ့မို့အနောက်ဘက်ဒေသတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိ ပြီး စနေနေ့က ဒါဖာမြောက်ပိုင်းမြို့တော် အယ်လ်ဖာရှားရဲ့ မြို့ပြင်ဆင်ခြေဖုံးအရပ်မှာ ဆူဒန်စစ်တပ်နဲ့ RSF လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဘာဟန်ဦးဆောင်တဲ့ဆူဒန်စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန်ဒက်ဂလိုဦးဆောင်တဲ့ RSF လက်နက်ကိုင်အဖွဲ့တွေကြားက တိုက်ပွဲတွေ ရပ်တန့်သွားဖို့ သံတမန်နည်းလမ်းအရ ကြိုးပမ်းတာတွေကလည်း အကြိမ်ကြိမ်ပျက်ပြားခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့က အစောပိုင်းကာလက ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်တွေကလည်း အဲဒီနှစ်နိုင်ငံ ဇွန်လအတွင်းက ဆွေးနွေးမှုတွေမရပ်နားခင် ကပဲ အကြိမ်ကြိမ်ကျိုးပေါက်ခဲ့ပါတယ်။
မကြာသေးခင်ပဲ ဆူဒန်စစ်ခေါင်းဆောင်ရဲ့ အီဂျစ်၊ တောင်ဆူဒန်နဲ့ ကာတာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ အပါအဝင် ဆောင်ရွက်မှုတချို့ကြောင့် သံတမန်အရေးပြေလည်မယ့်အရိပ်လက္ခဏာတချို့ ပေါ်ထွက်လာခဲ့ပါ သေးတယ်။
ဒါပေမဲ့ စနေနေ့က တောင်ပိုင်း ဘလူးနိုင်းပြည်နယ်မှာ တပ်ဖွဲ့ဝင်တွေစုစည်းပြီး ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ဒေသတွင်းကြားဝင်ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေကို ဘာဟန်က ရှောင်လွှဲလိုပုံရတယ်လို့ ဆိုပါတယ်။
Ref: Sudan Army Chief Lambasts African Union as War Deaths Top 7,000
#PeopleMedia