စစ်ပွဲတွေရပ်ဆိုင်းနိုင်ဖို့ အမေရိကန်-ဆော်ဒီဦးဆောင်တဲ့ ဆွေးနွေးပွဲပြန်လည်စတင်ဖို့ ဖိတ်ခေါ်ချက် ဆူဒန် စစ်တပ်လက်ခံ
PUBLISHED - October 26, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
ဆူဒန်နိုင်ငံမှာ RSF အရန်တပ်တွေနဲ့ ခြောက်လကျော်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအဆုံးသတ်နိုင်ရေးအတွက် အ မေရိကန်နဲ့ ဆော်ဒီဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ဖိတ်ကြားချက်ကို လက်ခံ ကြောင်း ဆူဒန်တပ်မတော်က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၂၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဆူဒန်ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်လ်ဖာတာအယ်လ်ဘာဟန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ၎င်းရဲ့ ဒုစစ်ဦးစီးချုပ်ဟောင်း မိုဟမ်မက်ဟမ်ဒမ်ဒက်ဂလိုဦးဆောင်တဲ့ RSF တပ်ဖွဲ့တွေဟာ ဧပြီလက စတင်တိုက်ခိုက်ခဲ့ ရာ ဆူဒန်ပြည်သူ ၉၀၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ ၅.၆ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ကနဦးက ကြားဝင်ဆောင်ရွက်မှုတွေကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးတွေဖြစ်မြောက်ခဲ့ပေမဲ့ နှစ်ဖက်စလုံး က ပြန်လည်ချိုးဖောက်ခဲ့ကြပါတယ်။
စေ့စပ်ညှိနှိုင်းရေးဟာ ပဋိပက္ခတွေအဆုံးသတ်ဖို့အတွက် နည်းလမ်းတွေထဲက နည်းလမ်းတစ်ခုဖြစ်ကြောင်း ယုံ ကြည်တဲ့အတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒ်ဒက်မြို့ကိုသွားရောက်ပြီး ဆွေးနွေးဖို့ ဆော်ဒီအာရေးဗီး ယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ထံက ဖိတ်ကြားမှုကို ဆူဒန်တပ်မတော်က လက်ခံကြောင်း ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။
“စေ့စပ်ညှိနှိုင်းရေးပြန်လည်စတင်မယ်ဆိုတာဟာ သူပုန်တွေကိုအရှုံးပေးပြီး အမျိုးသားဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတာကို ရပ်တန့်လိုက်တာဖြစ်တယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။” လို့ အဲဒီထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။
ဆူဒန်ပြည်တွင်းစစ်ကြောင့် နိုင်ငံတွင်းအခြေခံအဆောက်အဦတွေ ပျက်စီးခဲ့ရသလို ဆေးရုံပေါင်း ၈၀ ရာခိုင်နှုန်း ကိုလည်းပိတ်ထားခဲ့ရပြီး လူဦးရေသန်းပေါင်းများစွာ အငတ်ဘေးနဲ့ကြုံတွေ့နေရပါတယ်။
“ခြောက်လကြာတဲ့အချိန်မထိ အရပ်သားတွေ အထူးသဖြင့် ခါတွမ်၊ ဒါဖာနဲ့ ကော်ဒိုဖန်မှာရှိတဲ့ အရပ်သားတွေ ဟာ တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေနဲ့ မရပ်မနားကြုံတွေ့ဖြတ်သန်းလာခဲ့ကြရပါတယ်။” လို့ ကုလသမဂ္ဂလူသား ချင်းစာနာမှုအကြီးအကဲ မာတင်ဂရစ်ဖစ်သ်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဆူဒန်နိုင်ငံက စစ်အာဏာသိမ်းမှုကို ဗိုလ်ချုပ် ကြီးဘာဟန်နဲ့ ဗိုလ်ချုပ်ကြီးဒက်ဂလိုတို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
Ref: Sudan Army Says to Resume US and Saudi-Led Talks on Ending War
#Peoplemedia