• Follow Us on
Latest News

Home စစ်ပွဲရဲ့အနာဂတ်ဟာ AI နည်းပညာနဲ့ ဒရုန်းတွေဖြစ်ကြောင်း အီလွန်မတ်ပြော

စစ်ပွဲရဲ့အနာဂတ်ဟာ AI နည်းပညာနဲ့ ဒရုန်းတွေဖြစ်ကြောင်း အီလွန်မတ်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇

 

စစ်ပွဲရဲ့အနာဂတ်ဟာ AI နည်းပညာနဲ့ ဒရုန်းတွေဖြစ်ကြောင်း နယူးယောက်၊ ဝက်စ်ပွိုင့်မှာရှိတဲ့ အမေရိကန်ပြည်ထောင်စု စစ်တက္ကသိုလ်မှာ ပြီးခဲ့တဲ့နွေရာသီက မိန့်ခွန်းပြောဆိုခဲ့ပြီး ပြန်လည်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ SpaceX ကုမ္ပဏီကြီး ရဲ့ CEO အီလွန်မတ်က ပြောကြားခဲ့ပါတယ်။

 

“ယူကရိန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ တကယ့်ကို ဒရုန်းစစ်ပွဲတစ်ခုဖြစ်နေပါပြီ။ တကယ့်အင်အားကြီးနိုင်ငံရဲ့ စစ် ပွဲတစ်ပွဲဖြစ်လာမယ်ဆိုရင် ဒရုန်းစစ်ပွဲတစ်ပွဲဖြစ်ပွားမှာပဲဖြစ်ပါတယ်။” လို့ Tesla Inc နဲ့ X လူမှုကွန်ရက်တို့ကိုလည်း ဦး ဆောင်နေတဲ့ အသက် ၅၃ နှစ်အရွယ် အီလွန်မတ်က ပြောပါတယ်။

 

အမေရိကန်နိုင်ငံအနေနဲ့ ဒရုန်းတွေကို ရင်းနှီးမြှုပ်နှံဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ဖို့ လိုအပ်ကြောင်း သမ္မတ ဒေါ် နယ်ထရမ့်နဲ့ ရင်းနှီးမှုကတစ်ဆင့် အမေရိကန်အစိုးရအဖွဲ့မှာ လက်ရှိအချိန်မှာ အရေးပါနေတဲ့ ဘီလျံနာ အီလွန်မတ်က ပြောပါတယ်။

 

အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၆ ရက်နေ့က ဝက်စ်ပွိုင့်စစ်တက္ကသိုလ် အကဲဒမစ်ဘုတ်အဖွဲ့မဟာဌာနမှူး ဗိုလ်မှူးချုပ်ရှိန်းရိဗ်စ်နဲ့အတူ အလွတ်သဘောအင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီ မိနစ် ၄၀ ကြာစကားဝိုင်းကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၆ ရက်နေ့) ညနေပိုင်းက X လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

 

မကြာခဏဆိုသလို audiobook တွေကတစ်ဆင့် စစ်သမိုင်းတွေ နားထောင်ရင်း အိပ်ပျော်သွားတတ်လေ့ရှိတယ်လို့ သူ့ကိုယ်သူပြောတဲ့အီလွန်မတ်က နိုင်ငံ့ခေါင်းဆောင်တွေကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်မနေဖို့ သတိပေးပြောကြားခဲ့ပါ တယ်။

 

“နိုင်ငံတွေ အများအပြားဟာ လာမယ့်စစ်ပွဲအတွက် မဟုတ်ဘဲ နောက်ဆုံးစစ်ပွဲကို တိုက်ခိုက်နိုင်ဖို့အတွက် ပြင်ဆင်ထား တာဖြစ်ပါတယ်။” လို့ တပ်မတော်အရာရှိကြီးတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ၎င်းက ပြောပါတယ်။

 

ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ မပါဝင်ခင် အချိန်တိုလေးမှာပဲ နွေရာသီက ဝက်စ်ပွိုင့် စစ် တက္ကသိုလ်မှာ အများပြည်သူမြင်ကွင်းကို အီလွန်မတ်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

 

တောင်အာဖရိကမှာမွေးဖွားခဲ့တဲ့ နည်းပညာ ကုမ္ပဏီကြီးရဲ့အကြီးအကဲ အီလွန်မတ်ဟာ အဲဒီအချိန်ကတည်းက ဖက်ဒ ရယ်အစိုးရဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ဦးဆောင်ကြိုးပမ်းနေတဲ့ အမေရိကန်အစိုးရအဖွဲ့ထဲမှာ အဓိကကြိုးကိုင်လှုပ်ရှားသူ တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

အီလွန်မတ်ရဲ့ အစိုးရအဖွဲ့အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (DOGE) က အဖွဲ့ဝင်တွေဟာ အစိုးရအဖွဲ့အစည်းလေးငါးခုကို ဝင်ရောက်ခဲ့ပြီး data system တွေ စစ်ဆေးခြင်း၊ အသုံးစရိတ်တွေ/ ကန်ထရိုက်လုပ်ငန်းတွေ စေ့စေ့စပ်စပ် စိစစ်ခြင်းတို့ ကို ဆောင်ရွက်လျက်ရှိပါတယ်။

 

SpaceX ဟာ သမ္မတဒွိုက်အိုက်ဆင်ဟောင်ဝါက ပြောဆိုခဲ့တဲ့ စစ်ဘက်ဆိုင်ရာစက်မှုထုတ်လုပ်ရေးရပ်ဝန်းကြီးရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

အမျိုးသားလေကြောင်းနဲ့ အာကာသ အုပ်ချုပ်ရေးအဖွဲ့ (NASA) လို မိတ်ဖက်အဖွဲ့အစည်းအတွက် ရော့ကက်တွေ လွှတ် တင်တာအပါအဝင် Starlink လို ဂြိုဟ်တုစနစ်ဆက်သွယ်ရေးကို နိုင်ငံနဲ့ နယ်မြေပေါင်း ၁၀၀ ကျော်မှာ ရရှိနိုင်ပါတယ်။

 

“Starlink ဂြိုဟ်တုစနစ်ဆက်သွယ်ရေးစနစ်ဟာ ယူကရိန်းစစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးစနစ်ရဲ့ အဓိကကျောရိုးဖြစ် လာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Starlink ကို ရုရှားတပ်တွေ ပိတ်ဆို့လို့ မရလို့ပါပဲ။ ရှေ့တန်းစစ်မြေပြင်မှာ ဖိုင်ဘာ ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်ခံရတယ်။ Cell tower တွေ ဖောက်ခွဲခံရတယ်။ Geostationary ဂြိုဟ်တုလင့် တွေ ကြားဖြတ်နှောင့်ယှက်ခံရတယ်။ ကြားဖြတ် နှောင့်ယှက်တိုက်ခိုက်လို့မရတာ Starlink တစ်ခုပဲရှိတယ်။” လို့ အီလွန် မတ်က ပြောပါတယ်။

 

Ref: Elon Musk calls drones, AI the future of war: Bloomberg News

 

#PeopleMedia


Share this post