• Follow Us on
Latest News

Home စစ်ပွဲအတွင်းဆုံးရှုံးမှု ပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ ရုရှားစစ်တပ်က တင့်ကားအစီးရေ ၁,၅၀၀ လက်ခံရရှိ

စစ်ပွဲအတွင်းဆုံးရှုံးမှု ပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ ရုရှားစစ်တပ်က တင့်ကားအစီးရေ ၁,၅၀၀ လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅

 

ရုရှားတပ်မတော်ဟာ ၂၀၂၃ ခုနှစ်အတွင်း ပင်မတိုက်ပွဲဝင်တင့်ကား အစီးရေ ၁၅၀၀ လက်ခံရရှိခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

ရုရှားတပ်မတော်ဟာ ၎င်းတို့ရဲ့တင့်ကားလိုအပ်ချပ်အဆင့် ၈၄ ရာခိုင်နှုန်းကို မြှင့်တင်နိုင်ခဲ့ကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေကို ကိုးကားပြီး TASS သတင်းဌာနက ပြောပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း ရုရှားတပ်မတော်အနေနဲ့ တင့်ကားအစီးရေ ၁၅၀၀ အပြင် ဒရုန်းအစင်းရေ ၂၂,၀၀၀၊ သံချပ် ကာတိုက်ခိုက်ရေးယာဉ် အစီးရေ ၂,၂၀၀ နဲ့ ရော့ကက်နဲ့ အမြောက်တင်ယာဉ်အစီးရေ ၁,၄၀၀ ကျော် လက်ခံရရှိ ခဲ့ပါတယ်။

 

ဒါပေမဲ့ လက်ခံရရှိလိုက်တဲ့ တင့်ကားတွေထဲမှာ မိုဒယ်လ်အဟောင်းဘယ်နှစီး၊ မိုဒယ်လ်အသစ်ဘယ်နှစီးပါတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ ပင်မတိုက်ပွဲဝင်တင့်ကားထောင်နဲ့ချီပြီး ထုတ်ယူ သုံးစွဲခဲ့ပါတယ်။

 

အဲဒီလိုထုတ်ယူသုံးစွဲရာမှာ ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက စတင်အသုံးပြုခဲ့တဲ့ T-62 ပင်မတိုက်ပွဲဝင်တင့် ကား အစီး ၈၀၀ ကိုလည်း အဆင့်မြှင့်တင်ပြီး သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။

 

ရုရှားနိုင်ငံဟာ ယူကရိန်းကို ပင်မတိုက်ပွဲဝင်တင့်ကား ၃၄၁၇ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ အဲဒီအရေအတွက် ဟာ ယူကရိန်းတင့်ကားပိုင်ဆိုင်မှုရဲ့ သုံးဆခွဲလောက်ရှိတယ်လို့ ဆိုပါတယ်။

 

ရုရှားစစ်တပ်ဟာ ၂၀၂၃ ခုနှစ် နှစ်လယ်လောက်မှာ အဲဒီထုတ်သုံးတဲ့ တင့်ကားတွေထဲက ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ အစီးရေ ၂,၀၀၀ ဝန်းကျင်ခဲ့ ဆုံးရှုံးခဲ့ကြောင်း The Moscow Times က ဇူလိုင်လမှာရေးသားခဲ့ပါတယ်။

 

ရုရှားနိုင်ငံဟာ ၎င်းနိုင်ငံမှာရှိတဲ့ တင့်ကားအရေအတွက်ထဲက ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ၂,၄၇၅ စီး ဆုံးရှုံးခဲ့ကြေငာ်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးအဖွဲ့က နိုဝင်ဘာလက ပြောပါတယ်။

 

စစ်ပွဲကာလတစ်လျှောက် တင့်ကား ၂,၄၇၅ စီးအပြင် သံချပ်ကာယာဉ် အစီးရေ ၇,၁၀၀၊ အမြောက်လက်နက်စ စနစ် ၁,၃၀၀၊ တိုက်လေယာဉ်အပါအဝင်လေယာဉ် ၉၃ စင်း၊ ရဟတ်ယာဉ် ၁၃၂ စင်း၊ ဒရုန်း ၃၂၀ ဆုံးရှုံးခဲ့ တယ်လို့ ဆိုပါတယ်။

 

Ref: Russia Inducted 1,500 Tanks in 2023 to Replenish Ukraine Losses

 

#PeopleMedia


Share this post