• Follow Us on
Latest News

Home စစ်ပွဲအလွန် ဂါဇာဒေသအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နတန်ယာဟုကို ကာကွယ်ရေးဝန်ကြီး ဂါးလန့် စိန်ခေါ်

စစ်ပွဲအလွန် ဂါဇာဒေသအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နတန်ယာဟုကို ကာကွယ်ရေးဝန်ကြီး ဂါးလန့် စိန်ခေါ်

Share this post

နိုင်ငံတကာ၊ မေ ၁၆

 

စစ်ပွဲလွန်ကာလ ဂါဇာကမ်းမြောင်ဒေသစီစဉ်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုကို အစ္စရေးကာကွယ်ရေးဝန်ကြီးယူအက်ဂါးလန့်က ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) က လူသိရှင်ကြားစိန်ခေါ်လိုက် ပါတယ်။

 

ယူအက်ဂါးလန့်ဟာ ပါလက်စတိုင်းတွေနေထိုင်တဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ကာလရှည်စစ်အုပ်ချုပ် ရေးနဲ့ အုပ်ချုပ်မှာကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။

 

နိုင်ငံရေးအရ ပြည်တွင်း/ပြည်ပက တိုက်ခိုက်ခံနေရတဲ့ ခုနစ်လကြာစစ်ပွဲအတွင်း ကာကွယ်ရေးဝန်ကြီးဂါးလန့်ရဲ့ ရုပ်သံကတစ်ဆင့်ပြောကြားလိုက်တဲ့ ထုတ်ပြန်မှုဟာ အစ္စရေးထိပ်တန်းခေါင်းဆောင်တွေထဲက အထင်ရှားဆုံး သဘောထားကွဲလွဲမှုဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ ရှစ်လထဲရောက်ရှိလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအတွင်း ဟားမတ်စ်တွေကို ချေမှုန်းသုတ်သင်နိုင်ခြင်း မရှိသေးတဲ့အတွက် အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးက တောင်းပန်နေတာဖြစ်ကြောင်း ဂါးလန့်အမည်ကိုမဖော်ပြ ဘဲ နတန်ယာဟုက ထိထိမိမိ တုံ့ပြန်ခဲ့ပါတယ်။

 

ဒါပေမဲ့ ဝါရင့်ကွန်ဆာဗေးတစ်ဝန်ကြီးချုပ်ဖြစ်တဲ့ နတန်ယာဟုဟာ မကြာခင် ၎င်းအစိုးရအဖွဲ့အတွင်းမှာပဲ တိုက် ခိုက်ခံရတော့မယ့်ကိန်းဆိုက်နေပုံရပါတယ်။

 

နတန်ယာဟုနဲ့ ဂါးလန့်တို့နဲ့ နှိုင်းယှဉ်ရင် ဖိုရမ်မှာ တစ်ဦးတည်းသောမဲပေးခွင့်ရှိတဲ့ အလယ်အလတ်ဝါဒီ ဗိုလ်ချုပ် ကြီးဟောင်း ဘန်နီဂန့်တ်ဇ်က “ကာကွယ်ရေးဝန်ကြီးဟာ အမှန်တရားကို ပြောကြားလိုက်တာဖြစ်တယ်။” လို့ ပြောပါတယ်။

 

ဟားမတ်စ်အဖွဲ့တွေကို သုတ်သင်ချေမှုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှု က အဖမ်းခံထားရတဲ့ ကျန်ရှိဓားစာခံတွေကို ပြန်လည်ကယ်တင်မယ်ဆိုတာတွေကို အကြိမ်ကြိမ်ပြောဆိုနေစဉ် အတွင်းမှာပဲ “အဲဒီရည်မှန်းချက်တွေကို ပါလက်စတိုင်းအုပ်ချုပ်ရေးပြောင်းလဲဖို့အတွက် အုတ်မြစ်ချပေးခြင်းအား ဖြင့်သာ အပြီးသတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း” ဂါးလန့်က ပြောပါတယ်။

 

“ဂါဇာဒေသက ဟားမတ်စ်တွေရဲ့ အုပ်ချုပ်ရေးစွမ်းရည်တွေကို ကျွန်တော်တို့ တစ်စစီ ဖြိုဖျက်ပစ်ရမှာဖြစ်တယ်။ ဒီရည်ရွယ်ချက်ရဲ့ အဓိကအချက်က စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းနဲ့ ဂါဇာဒေသမှာ အုပ်ချုပ်မှုပြောင်းလဲ ရေးဖြစ်တယ်။” လို့ ဂါးလန့်က ပြောပါတယ်။

 

“အဲဒီလို အပြောင်းအလဲတွေမလုပ်နိုင်ဘူးဆိုရင် မကောင်းတဲ့ရွေးချယ်စရာ နှစ်ခုပဲကျန်ခဲ့လိမ့်မယ်။ အဲဒါတွေက တော့ တစ်ခုက ဂါဇာမှာ ဟားမတ်စ်တွေအုပ်ချုပ်မှာဖြစ်ပြီး နောက်တစ်ခုက ဂါဇာမှာ အစ္စရေးစစ်တပ်က အုပ်ချုပ် မှာဖြစ်တယ်။” လို့ ဂါးလန့်က ပြောပါတယ်။

 

ဂါးလန့်ဟာ ဂါဇာဒေသမှာ အစ္စရေးစစ်တပ်က အုပ်ချုပ်မှာကို ဆန့်ကျင်ကန့်ကွက်သူဖြစ်ပြီး အဲဒီအစီအစဉ်မျိုးကို လည်း တရားဝင်စွန့်လွှတ်ဖို့ နတန်ယာဟုကို တိုက်တွန်းလိုက်ပါတယ်။

 

အောက်တိုဘာလ တိုက်ခိုက်မှုစတင်ဖြစ်ပွားကတည်းက “ရန်မလိုတဲ့ ပါလက်စတိုင်းအစိုးရတစ်ရပ်” ပြောင်းလဲ တည်ထောင်ရေး အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ဖို့ ဂါးလန့်က ကြိုးစားတင်ပြခဲ့ပေမဲ့ အစ္စရေးအစိုးရအဖွ့ဲအ တွင်းက ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။

 

Ref: Israeli defense chief challenges Netanyahu over post-war Gaza plans

 

#PeopleMedia


Share this post