• Follow Us on

Home စစ်မက်ဖြစ်ပွားချိန်မှာ နိုင်ငံတွင်း နျူကလီးယားလက်နက်တွေ လာရောက်တပ်ဖြန့်ချထားရေး လမ်းဖွင့်ထား ကြောင်း ဆွီဒင်ဝန်ကြီးချုပ်ပြော

စစ်မက်ဖြစ်ပွားချိန်မှာ နိုင်ငံတွင်း နျူကလီးယားလက်နက်တွေ လာရောက်တပ်ဖြန့်ချထားရေး လမ်းဖွင့်ထား ကြောင်း ဆွီဒင်ဝန်ကြီးချုပ်ပြော

Share this post

နိုင်ငံတကာ၊ မေ ၁၄

 

စစ်မက်ဖြစ်ပွားလာချိန်မှာ ဆွီဒင်နိုင်ငံထဲမှာ နျူကလီးယားလက်နက်တွေ လာရောက်တပ်ဖြန့်ချထားရေး ခွင့်ပြုဖို့ အတွက် လမ်းဖွင့်ထားကြောင်း ဆွီဒင်ဝန်ကြီးချုပ် အော့ရ်ခရစ္စတာဆန်း (Ulf Kristersson) က တနင်္လာနေ့ (မေ လ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

နျူကလီးယားလက်နက်တွေ တပ်ဖြန့်ချထားဖို့အရေး ခွင့်မပြုဖို့ ဝေဖန်သူတွေက ပြောကြားနေစဉ်အတွင်းမှာပဲ ဆွီဒင်ဝန်ကြီးချုပ်က အခုလိုပြောတာဖြစ်ပါတယ်။

 

နိုင်ငံတွင်း အမေရိကန်စစ်စခန်းတွေတည်ဆောက်ခွင့်ပြုသွားမယ့် အမေရိကန်ပြည်ထောင်စုနဲ့ စာချုပ်ချုပ်ဆို မယ့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်စာချုပ် (Defence Cooperation Agreement – DCA) ချုပ်ဆိုရေးနဲ့ပတ်သက်ပြီး ဆွီဒီလွှတ်တော်ထဲမှာ ဇွန်လအတွင်း မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

 

ဆွီဒင်နိုင်ငံဟာ စစ်ရေးအရ ဘက်မလိုက်နိုင်ငံအဖြစ် နှစ်ပေါင်း ၂၀၀ ကျင့်သုံးခဲ့တဲ့ ကြားနေဝါဒကို စွန့်လွှတ်ပြီး အခုနှစ် မတ်လအတွင်းက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်လာခဲ့ပါတယ်။

 

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်စာချုပ် (DCA) ချုပ်ဆိုရာမှာ ဆွီဒင်မြေပေါ်မှာ နျူကလီး ယားလက်နက်တွေ တပ်ဖြန့်ချထားခွင့်မပြုဘူးဆိုတာကို အစိုးရအနေနဲ့ ထည့်သွင်းရေးသားဖို့ ဆွီဒင် ငြိမ်းချမ်း ရေးနဲ့ ခုံသမာဓိအဖွဲ့အပါအဝင် အဖွဲ့အစည်းအများအပြားက မကြာသေးခင်ကာလကပဲ တောင်းဆိုခဲ့ကြပါတယ်။

 

ငြိမ်းချမ်းတဲ့အချိန်မှာ ဆွီဒင်မြေပေါ်မှာ နျူကလီးယားလက်နက်တွေ တပ်ဖြန့်ချထားခွင့်ကို လွှတ်တော်ဆုံးဖြတ် ချက်နဲ့ ပိတ်ပင်ထားသလို နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ကျယ်ပြန်တဲ့ဘုံသဘောတူညီချက်ရှိပြီးသားဖြစ် လို့ အထူးတလည်ရှင်းပြ ပိတ်ပင်ဖို့ လုံးဝ မလိုအပ်ကြောင်း ဆွီဒင်အစိုးရက အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ ပါတယ်။

 

ဒါပေမဲ့ စစ်မက်ဖြစ်ပွားနေတဲ့အချိန်ဟာ မတူကွဲပြားတဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် ခရစ္စတာ ဆန်းက တနင်္လာနေ့က ပြောပါတယ်။

 

“စစ်ဖြစ်နေတဲ့အချိန်မှာတော့ ဒီကိစ္စဟာ ကွဲပြားခြားနားတဲ့ကိစ္စတစ်ရပ်ပါ။ နျူကလီးယားလက်နက် တပ်ဖြန့်ချ ထားမထားဆိုတာက ဘာတွေဖြစ်လာမလဲဆိုတဲ့အပေါ် အလုံးစုံ မူတည်နေတာဖြစ်ပါတယ်။” လို့ ခရစ္စတာက Swedish Radio ကို ပြောပါတယ်။

 

“လုံးဝ အဆိုးရွားဆုံးအခြေအနေတစ်ခု ရောက်လာပြီဆိုရင် ကမ္ဘာပေါ်က ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတွေဟာ နျူကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်လာနိုင်တဲ့ နိုင်ငံတွေရဲ့ရန်ကို ကာကွယ်နိုင်ဖို့ မဖြစ်မနေ လိုအပ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဆွီဒင်နိုင်ငံထဲမှာ နျူကလီးယားလက်နက်တွေထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဆွီဒင်နိုင်ငံရဲ့ဆုံးဖြတ်ချက်ဖြစ် ပြီး အမေရိကန်ပြည်ထောင်စုရဲ့ဆုံးဖြတ်ချက်မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဆွီဒင် မြေပေါ်ကကိစ္စကို ဆွီဒင်နိုင်ငံ ဆုံးဖြတ်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။ ဒါပေမဲ့ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရခြင်းနဲ့ ဆွီဒင်ကာကွယ်ရေး ရည်မှန်းချက်က အဲဒီလို အခြေအနေမျိုး ဖြစ်ပေါ်မလာအောင် ကာကွယ်တားဆီးဖို့ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ယူကရိန်းသာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ရင် ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကို ခံရမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီးသားဖြစ်တဲ့ ဒိန်းမတ်နဲ့ နော်ဝေကတော့ ၎င်းတို့နှစ်နိုင်ငံမှာ နိုင်ငံခြားတပ်တွေ စစ် စခန်းလာရောက်ဖွင့်လှစ်မှာနဲ့ ငြိမ်းချမ်းတဲ့အချိန်မှာ နျူကလီးယားလက်နက်တွေ တပ်ဖြန့်ချထားမှာကို ပိတ်ပင် တားမြစ်ထားပါတယ်။

 

Ref: Swedish PM Says Open to Hosting Nuclear Weapons in Wartime

 

#PeopleMedia


Share this post