စစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန်ဆန္ဒပြုသူများရှိသကဲ့ စစ်မှုထမ်းမဟုတ်သော်လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများများပြားစွာရှိနေကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 19, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ယခုအခါစစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုသူများရှိသကဲ့ စစ်မှုထမ်းမဟုတ်သော် လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများများပြားစွာရှိနေ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေ လိုသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊ နိုင်ငံရေးအရအစွန်းရောက်သူ များ၏ ပယောဂများကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်နေကြသည်ကို စိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်ရ ကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်မျိုးဆက်သစ်လူငယ် လူ ရွယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှုမရှိဘဲ အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေ သည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင်ဖြစ်ကြောင်း၊ အဆိုပါလူငယ်များ မှန်ကန်သည့်လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရေးဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပေါ်အောင် လှုံ့ဆော်နေသူများ၊ ပြည်ဖျက်မီဒီယာများ အနေဖြင့် နိုင်ငံ့အရေးကိုဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိုင်းပြည်၏ အနာဂတ်ပျက်စီးအောင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး တူညီသည့်အခွင့်အရေးများပေးထားပြီးဖြစ် သော်လည်း နိုင်ငံ ရေးကိုသဘောရိုးဖြင့်ဆောင်ရွက်ခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်စေခဲ့ပြီး ရည်ရွယ်ချက်မှာ နိုင်ငံတော်၏အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကိုကာကွယ် စောင့်ရှောက် ရန်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ယခင် ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်း ဆောင်ရန်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန်ထားသည့်ဥပဒေကို လေ့လာခြင်း မရှိဘဲ အခြေအမြစ်မရှိသည့်သတင်းမှားများ၊ ထင်မြင်သုံး သပ်ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်နေသည်များရှိကြကြောင်း ပြောသည်။
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ အမျိုးသားစစ်မှုထမ်းဆောင်ခြင်းဖြင့် နိုင်ငံသား များအနေဖြင့် အဖွဲ့အစည်းစိတ် ဓာတ်များ( Team Sprit) ၊ အဖွဲ့အစည်းဖြင့် စည်းစနစ် ကျနစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့ အကျင့်များ(TeamWork)တို့ဖြင့် နိုင်ငံ ကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များရရှိလာမည်ဖြစ် ကြောင်း၊ နိုင်ငံတော် ကိုကာကွယ်ရန်ထမ်းဆောင်လိုသည့် စိတ်ဓာတ်သည် မြင့်မြတ်သည့်စိတ်ဓာတ်ပင်ဖြစ် ကြောင်း၊ ယခုအခါစစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုသူများရှိသကဲ့ စစ်မှုထမ်း မဟုတ်သော်လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင် လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများ များပြားစွာရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia