စစ်မှုထမ်းဟောင်းအားလုံးကိုပြန်လည်ခေါ်ယူမည်ဟုမဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ် ယူမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို
PUBLISHED - February 15, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ် ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြည်ပနိုင်ငံများတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန် ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဒို့ တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဖြစ်ပြီး ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားကို သာ တာဝန်ထမ်းဆောင်ရန်ဖြစ်ကာ နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောဆိုသည်။
အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲခေါ် သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ သံ အမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း ယင်းဥပဒေနှစ်ရပ်၏ အဓိပ္ပါယ်ကို ခြေခြေ မြစ်မြစ်သိရှိအောင် လေ့လာကြရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ရောက်ရှိပါက ဥပဒေအသက်သွင်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္နိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အနိုင်ရသည့် ပါတီအား နိုင်ငံ့တာ ဝန်များကို ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် အရေအတွက် သည် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များထက် ပိုမိုများပြားနေရန် လိုအပ်ကြောင်း၊ သို့မှသာ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်မည်ဖြစ်ပြီး လွှတ်တော်များအတွင်း၌လည်း အပြန်အလှန်ထိန်းကြောင်းနိုင်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မီဒီယာများမှ လှုံ့ဆော်မှုများ၊ သွေးထိုးမှုများသည် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်သည် ဖြစ်သောကြောင့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း နိုင်ငံတော်၏ ပကတိအခြေ အနေမှန်များကို နိုင်ငံတကာမှသိရှိစေရေး ပြောဆိုဆောင်ရွက်နိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia