• Follow Us on
Latest News

Home စစ်မှုထမ်းဟောင်း အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

စစ်မှုထမ်းဟောင်း အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ သြဂုတ် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ သဇင်ရပ်ကွက်ရှိ “အဆွေတော်” ဆိုင်ကယ်အပိုပစ္စည်း ရောင်းသည့် ဆိုင်ပိုင်ရှင် စစ်မှုထမ်းဟောင်း အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၇ ရက် နံနက် ၆:၁၅ အချိန်တွင် စစ်မှုထမ်းဟောင်း အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးမှာ နေအိမ်ဈေးဆိုင်းရှေ့၌ တံမျက်စည်းလှဲနေစဉ် PDF များရောမှ ၎င်းကိုသေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွား ကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် စစ်မှုထမ်းဟောင်း အငြိမ်းစားတပ်ကြပ်ကြီး ဦးဇော်ညွှန့်မှာ လည်ပင်းကျည် ဖောက်ဝင်ပြီး ဘယ်ဘက်မေးရိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက်ညှပ်ရိုး အောက်မှကျည်ဖောက်ဝင် ညာဘက်နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ (၄) ချက်တို့မှာ အသက်အန္တရာယ်စိုး ရိမ်ရကြောင်း သိရသည်။

 

အသက် (၅၀) နှစ်အရွယ် ဦးဇော်ညွှန့်မှာ (၂၀၀၄) ခုနှစ်တွင် ထလရ (၉) မုံရွာမှ တကကအဆင့်ဖြင့်အငြိမ်းစား) တစ်ဦးဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post