• Follow Us on

Home စစ်မှုထမ်းဥပဒေကနေ ရှောင်ရှားဖို့ မြန်မာလူငယ်အများအပြား ထိုင်းနိုင်ငံကို ထွက်ခွာရန်ကြိုးစားနေ

စစ်မှုထမ်းဥပဒေကနေ ရှောင်ရှားဖို့ မြန်မာလူငယ်အများအပြား ထိုင်းနိုင်ငံကို ထွက်ခွာရန်ကြိုးစားနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉

 

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးမယ်လို့ ကြေညာလိုက်ပြီးနောက်မှာ နိုင်ငံခြားထွက်ခွာဖို့ကြိုးစား လာတဲ့ လူငယ်အရေအတွက်ပိုမိုများပြားလာကြောင်း ပြည်ပသတင်းဌာနတွေမှာရေးသားဖော်ပြလာကြပါတယ်။

 

အရင်တုန်းက တစ်ရက်ကို ဗီဇာလျှောက်တဲ့သူ ၁၀၀ မပြည့်တဲ့ ထိုင်းသံရုံးမှာ ပြီးခဲ့တဲ့အပတ် သောကြာနေ့ (ဖေ ဖော်ဝါရီလ ၁၆ ရက်နေ့) က ဗီလာလာလျှောက်တဲ့လူဦးရေ ၁၀၀၀ နဲ့ ၂၀၀၀ ကြားရှိတယ်လို့ဆိုပါတယ်။

 

စစ်မှုထမ်းဥပဒေအရ အသက် ၁၈-၃၅ အမျိုးသားနဲ့ အသက် ၁၈-၂၇ အမျိုးသမီးတွေဟာ စစ်မှုထမ်းဆောင်ဖို့ အ ကျုံးဝင်မှာဖြစ်ပြီး ၂ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

 

တိုင်းပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရ စစ်မှုထမ်းဥပေဒကို ကျင်သုံးဖို့လိုအပ်ကြောင်း နစက အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

 

စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းခဲ့တာဖြစ်ပေမဲ့ အတည်ပြုကျင့်သုံးရခြင်းမရှိသေးဘဲ အခု နစက လက်ထက် ဧပြီလမှာ စတင်ကျင့်သုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်နယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ် စပ်ရှိ တပ်မတော်စခန်းတွေနဲ့ မြို့ရွာတွေ အများအပြားဆုံးရှုံးခဲ့ပြီးနောက်မှာ အခုလို စစ်မှုထမ်းဥပဒေကို ကျင့်သုံး ဖို့ ကြေညာလိုက်တာဖြစ်ပါတယ်။

 

“တပ်မတော်မှာ လူအင်အားလျော့နည်းမှုပြဿနာက သိသိသာသာ ကြုံတွေ့နေရတယ်။ ဒါ့ကြောင့် သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အခုလို စစ်မှုထမ်းဥပေဒကို ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။” လို့ Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာထိပ်တန်းအကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟော့ဆီက ပြောပါတယ်။

 

တိုက်ခိုက်ရေးတပ်ရင်းအများစုဟာ တပ်ရင်းတစ်ရင်းဖွဲ့စည်းပုံ ၂၀၀ ရဲ့ တစ်ဝက်ပြည့်မီအောင်တောင် မနည်းကြိုး စားနေရကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုအကြံပေးအဖွဲ့ရဲ့ ထိပ်တန်းအကြံပေးအရာ ရှိ ဦးရဲမျိုးဟိန်းက ပြောပါတယ်။

 

“တပ်မတော်ထဲကို အရာရှိတွေဝင်ရောက်မှုကလည်း သိသိသာသာ ကျဆင်းနေပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

“ဒါ့အပြင် တိုက်ခိုက်ရေးတပ်ရင်းတွေရဲ့ အရွယ်အစားသေးငယ်သွားပြီး သာမန်တပ်သားတွေအရည်အတွက် လည်း ကျဆင်းသွားတာကြောင့် ဗိုလ်မှူးချုပ်တွေအပါအဝင် အရာရှိအင်အားလည်း သိသိသာသာ လျော့နည်း သွားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာ့တပ်မတော်ရဲ့ ခြေလျင်/ခြေမြန် တိုက်ခိုက်ရေးအင်အားဟာ ၇၀,၀၀၀ ဝန်းကျင်ရှိကြောင်း တပ်ပြေးတွေ၊ ဘက်ပြောင်းခိုလှုံသူတွေနဲ့ အင်တာဗျူးတွေနဲ့ စစ်သတင်းမှတ်တမ်းတွေ/ ကျဆုံးစာရင်းတွေကို ကိုးကားပြီး ပြီး ခဲ့တဲ့နှစ်က ဦးရဲမျိုးဟိန်းက ပြောပါတယ်။

 

ရန်ကုန်မြို့နဲ့ ကီလိုမီတာ ၄၂၀ သာကွာဝေးတဲ့ ထိုင်းနယ်စပ်ကနေ ဝင်ရောက်လို့လွယ်ကူနေတာကြောင့် အိမ်နီး ချင်းထိုင်းနိုင်ငံဟာ မြန်မာတွေအတွက် ရင်းနှီးကျွမ်းဝင်ရာ ခိုလှုံရာနေရာတစ်ခုဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသန်းကောင်စာရင်းအရ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာလူမျိုး ၁.၅ သန်းနီးပါးရှိပြီး ဆမွတ်ဆခုန်ပြည်နယ်တစ်ခုတည်းမှာတင် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါ တယ်။

 

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကြတဲ့ မြန်မာလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ရှိပြီး နယ်စပ်တလျှောက်မှ မြန်မာဒုက္ခသည် ၁၅၀၀၀၀ ဝန်းကျင်ကို နေရာချထားတဲ့ တရားဝင်ဒုက္ခသည်စခန်း ၉ ခု ရှိတယ်လို့ ဆိုပါတယ်။

 

Ref: Thousands of Myanmar youngsters look to Thailand for an escape from compulsory military service after junta enforces new law: Wires/ABC

 

#PeopleMedia


Share this post