စစ်မှုထမ်းဥပဒေကြေညာလိုက်ပြီးနောက် လူငယ်အများအပြား မြန်မာနိုင်ငံက ထွက်ခွာဖို့ ကြိုးပမ်းနေ

PUBLISHED - February 17, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
မြန်မာ နစက အစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက် လူငယ်အများအပြား မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ ကြိုးပမ်းလျက်ရှိရာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးမှာ လူဦးရေ ၁၀၀၀ ကျော် စီတန်းနေကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် အတိုက်အခံအင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် နစက အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာခဲ့တာဖြစ်ပြီး အဲဒီဥပဒေအရ အ သက် ၁၈-၃၅ အမျိုးသားတွေနဲ့ အသက် ၁၈-၁၇ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမှာဖြစ်ပါတယ်။
နစက အစိုးရအနေနဲ့ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာကို ကြုံတွေ့ နေရပြီး မကြာသေးခင်ကပဲ ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့က “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို ကြေညာလိုက်ပြီးတဲ့နောက် ရန်ကုန်မြို့ရှိ ထိုင်း သံရုံးထဲမှာ မြန်မာနိုင်ငံထဲက ထွက်ခွာဖို့ ဗီဇာလာလျှောက်ကြတဲ့ အမျိုးသား/အမျိုးသားတွေနဲ့ ပြည့်နှက်နေပါ တယ်။
စစ်မှုထမ်းဥပေဒမကြေညာခင်က ထိုင်းသံရုံးမှာ ဗီဇာလာလျှောက်တဲ့ မြန်မာနိုင်ငံသား ၁၀၀ အောက်သာရှိပေမဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ရန်ကုန်မြို့လယ်သံရုံးအနီးက လမ်းမတွေမှာ လူဦးရေ ၁၀၀၀ ကနေ ၂၀၀၀ ကြားရှိတဲ့ လူတန်းကြီးကို မြင်တွေ့ရကြောင်း AFP သတင်းထောက်တစ်ဦးက ပြောပါတယ်။
လူအုပ်ကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် တစ်ရက်ကို လူဦးရေ ၄၀၀ ပဲ လက်မှတ်ထုတ်ပေးမှာဖြစ်ကြောင်း ထိုင်းသံ ရုံးက ပြောပါတယ်။
အသက် ၂၀ အရွယ်ဝန်းကျင်ရှိ ကိုအောင်ဖြိုး (နာမည်လွှဲ) ခေါ် ကျောင်းသားတစ်ဦးက ၎င်းအနေနဲ့ ကြာသပ တေး (ဖေဖော်ဝါ ရီ ၁၅ ရက်) ည ၈ နာရီကတည်းက ထိုင်းသံရုံးရှေ့ကို ရောက်နေတာဖြစ်ပြီး ညသန်းကောင် အချိန်လောက် တန်းမစီခင် ကားထဲမှာ အိပ်စက်ခဲ့ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ သုံးနာရီလောက် ထိုင်စောင့်ခဲ့ရတယ်။ ရဲတွေက မနက် ၃ နာရီလောက်မှာ ဂိတ်ကိုဖွင့်ပေးပါ တယ်။ တိုကင်ဖြတ်ပိုင်းရဖို့အရေး နေရာရဖို့ ထိုင်းသံရုံးရှေ့ကို ကျွန်တော်တို့ ပြေးကြရတာပေါ့။” လို့ ၎င်းက ပြောပါတယ်။
ဒီပြည်သူ့စစ်မှုထမ်းဥပဒေကို နအဖ အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပေမဲ့ တစ်ခါမှ မကျင့် သုံးရသေးတဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေကို ဘယ်လိုကျင့်သုံးမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရ သေးဘူးလို့ ဆိုပါတယ်။
စစ်မှုထမ်းဖို့ ဘယ်လိုဆင့်ခေါ်သွားမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပေမဲ့ လူငယ် အများအပြားကတော့ စောင့်ဆိုင်းလိုစိတ်မရှိဘူးလို့ ဆိုပါတယ်။
“ကျွန်တော် ဘန်ကောက်ကို ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့သွားမှာပါ။ ခဏတော့ ဘန်ကောက်မှာ ရှောင်နေဦးမှာ ပါ။ အလုပ်လုပ်မလား၊ စာသင်မလားဆိုတာ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ ဒီတိုင်းပြည်က ထွက်ပြေးချင်တဲ့ ဆန္ဒပဲရှိတာပါ။” လို့ ကိုအောင်ဖြိုးကာပြောပါတယ်။
ထိုင်းသံရုံအနီးတစ်ဝိုက်က ဟိုတယ်တွေမှာ ဗီဇာရဖို့ လာစောင့်တဲ့သူတွေနဲ့ အခန်းတွေပြည့်နေကြောင်း၊ ၎င်းအ နေန့ မနက် ၂ နာရီမှာစပြီး တန်းစီရကြောင်း အသက် ၂၂ နှစ်အရွယ် ကိုအောင်အောင် (အမည်လွှဲ) က ပြောပါ တယ်။
“လုံခြုံရေးဂိတ်ဖွင့်လိုက်တာနဲ့ ကျွန်တော်တို့လည်း မာရသွန်အပြေးသမားလို ပြေးတော့တာပဲ။ ကျွန်တော်စဉ်း စားထားတာက သံရုံးရှေ့မှာ နေရာရဖို့ဖြစ်လို့ အစွမ်းကုန် တတ်နိုင်သမျှ ပြေးတော့တာပါပဲ။” လို့ ကိုအောင် အောင်က AFP ကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေသစ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်လုံလုံလောက်လောက်မရရှိတဲ့အတွက် အဲဒီဥပေဒ ကပြဋ္ဌာန်းထားတဲ့အသက်အရွယ်ထဲမှာအကျုံးဝင်နေတဲ့လူငယ်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေကိုသာ မြင့်တက် လာစေတယ်လို့ ဆိုပါတယ်။
“ဒီစစ်မှုထမ်းဥပဒေကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မထိတ်လန့်တုန်လှုပ်သွားပါတယ်။” လို့ မဝါဝါ (အမည်လွှဲ) က AFP ကို ပြောပါတယ်။
“ဒီသတင်းက အမှန်ပဲလား ဒါမှမဟုတ် ကောလာဟလလားဆိုတာ ကျွန်မမေးမြန်းစုံစမ်းကြည့်တယ်။ သတင်းမှန် တယ်လို့လည်း သိရရော ကျွန်မတို့အများစုဟာ စိုးရိမ်ကြောက်ရွံ့သွားကြပါတယ်။” လို့ ၎င်းက ပြောပါတယ်။
၎င်းရဲ့သူငယ်ချင်းအများအပြားဟာ နစက အစိုးရအတွက် အသက်စွန့်တိုက်ခိုက်ပေးရမယ့်အစား လက်ရှိအချိန် မှာ PDF ထဲဝင်ဖို့ စုံစမ်းနေကြတယ်လို့ မဝါဝါက ပြောပါတယ်။
တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ စစ်မှုထမ်းဥပဒေ လိုအပ်ကြောင်း နစက အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့စနေနေ့က ပြောပါတယ်။
စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့လူဦးရေ ၁၃ သန်းဝန်းကျင်ရှိပေမဲ့ တစ်နှစ်ကို လူဦးရေ ၅၀၀၀၀ ဝန်းကျင်သာ လေ့ ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Thousands seek to quit Myanmar after military service announcement: AFP
#PeopleMedia