စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတဲ့ မြန်မာလူငယ်တချို့ကို ထိုင်းတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး ထား
PUBLISHED - February 17, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေသစ်ကို ရှောင်ရှားတဲ့အနေနဲ့ ထိုင်းနိုင်ငံထဲကို နယ်စပ်ကတစ်ဆင့် ထွက်ပြေးလာ တဲ့ လူငယ်တချို့ကို ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် နယ်စပ်ဒေသမှာ ဖမ်းဆီးရရှိထားကြောင်း The Nation မှာ ရေး သားဖော်ပြထားပါတယ်။
တာ့ခ်ပြည်နယ် မဲဆောက်ခရိုင် အခြေစိုက် ရတ်ချာမနူတပ်ဖွဲ့က ထိုင်းတပ်ဖွဲ့ဝင်တွေဟာ သောကြာနေ့ (ဖေဖော် ဝါရီလ ၁၆ ရက်နေ့) က ဖော့ဖရာခရိုင်ထဲက စမ်းချောင်းလေးတစ်ခုအနီးမှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၄ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းမိခဲ့ပါတယ်။
၎င်းတို့အဖွဲ့ဟာ မြန်မာနိုင်ငံ မြဝတီမြို့ကနေ တာ့ခ်ပြည်နယ် မဲဆောင်ခရိုင်ထဲကို ဝင်ရောက်လာကြတာဖြစ် ကြောင်း မြန်မာလူငယ်တွေက ပြောပါတယ်။ လူမှောင်ခိုကုန်ကူးတဲ့သူတွေရဲ့ အကူအညီနဲ့ ၎င်းတို့အဖွဲ့ဟာ နယ်စပ်တစ်လျှောက်က တောလမ်းလေးအတိုင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
အခုသီတင်းပတ်အစောပိုင်းကလည်း တာ့ခ်ပြည်နယ် ဖော့ဖရာခရိုင်ထဲက တောအုပ်တစ်ခုအတွင်းမှာ ပုန်း အောင်းနေတဲ့ အမျိုး သား ၁၁ ဦး၊ အမျိုးသမီး ၁၆ ဦးပါဝင်တဲ့ မြန်မာလူငယ် ၂၇ ဦးကို ထိုင်းနယ်စပ်တပ်ဖွဲ့ဝင် တွေက ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ပြည်နယ်ငါးခုဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး မြန်မာနိုင်ငံက မြို့တွေနဲ့ လမ်းပန်းဆက် သွယ်ရေးကောင်းတဲ့ ဒေသတွေဖြစ်ပါတယ်။
အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ဖို့အတွက် မြန်မာ နစက အစိုးရက စစ်မှုထမ်းဥပဒေသစ်ကို ကျင့်သုံးလိုက်တာဖြစ်ပါတယ်။
အဲဒီဥပဒေအရ အသက် ၁၉-၃၅ နှစ် အမျိုးသားတွေနဲ့ အသက် ၁၈-၂၇ နှစ် အမျိုးသမီးတွေဟာ အနည်းဆုံး နှစ်နှစ်အထိ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။
“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို ၂၀၁၀ ပြည့်နှစ် တပ်မတော်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပေမဲ့ တစ်ခါမှ မကျင့်သုံးခဲ့ရသေးကြောင်း၊ အဲဒီဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြီး စတင်ကျင့် သုံးသွားမှာဖြစ်ကြောင်း နစက အစိုးရက ပြောပါတယ်။
စစ်မှုထမ်းဆောင်ဖို့ သတ်မှတ်အသက်အရွယ်အရ အကျုံးဝင်တဲ့ အမျိုးသား/အမျိုးသမီးတွေအနေနဲ့ စစ်မှုထမ်းဖို့ ငြင်းပယ်/ရှောင်ရှားမယ်ဆိုရင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့အတွက် တစ်လကို စစ်မှုထမ်း ၅၀၀၀ ဝန်းကျင် စာရင်းသွင်းလေ့ ကျင့်ပေးသွားမှာဖြစ်တယ်လို့ နစက အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း RFA သ တင်းဌာနက ကြာသပတေးနေ့က ပြောပါတယ်။
မကြာသေးခင်ကာလက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်က အကြီးအကျယ်ဆုံးရှုံးနေပြီး တပ်မ တော်သားအများအပြား လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။
ဥပဒေနဲ့မညီတဲ့ စစ်မှုထမ်းဥပေဒကြောင့် လူငယ်အများအပြားဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားကြပြီးအလုပ် အကိုင်ရှာဖွေကြမှာဖြစ်ကြောင်း ၎င်းကိုယ်၎င်းကို ဦးဝေးလို့ပြောတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
Ref: Myanmar youths flee to Thailand to escape military draft of 5,000 monthly: The Nation
#PeopleMedia