စစ်မှုထမ်းဥပဒေသစ်တစ်ရပ် ယူကရိန်းလွှတ်တော်ခွင့်ပြု
PUBLISHED - April 12, 2024
နိုင်ငံတကာ၊ ဧပြီ ၁၂
စစ်မြေပြင်မှာ ကာလရှည်တာဝန်ထမ်းဆောင်နေတဲ့စစ်သည်တွေကို နောက်တန်းပြန်ခွင့်ပြုတဲ့ ညွှန်ကြားချက် တစ်ရပ်ကို ပယ်ဖျက်လိုက်ပြီးနောက် ရုရှားတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်သည်တွေကို ထပ်မံအင် အားဖြည့်တင်းဖို့အတွက် စစ်စည်းရုံးရေးဥပဒေကြမ်းတစ်ရပ် (တပ်သားသစ်စုဆောင်းရေးဥပဒေကြမ်း) ကို ယူက ရိန်းလွှတ်တော်အမတ်တွေက ကြာသပတေးနေ့က ခွင့်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းဟာ ကြည်းတပ် တပ်သားသစ်စုဆောင်းရေးအတွက် အဆင်ပြေအောင် ရေးဆွဲထားတာဖြစ်ပေ မဲ့ ရုရှားတပ်တွေနဲ့ နှစ်နှစ်ကျော်ကြာ တိုက်ခိုက်နေရတဲ့နိုင်ငံက ပြည်သူတချို့ကတော့ ဒေါငထွက်ခဲ့ကြပါတယ်။
“စစ်မှုထမ်းဥပဒေကို တစ်နိုင်ငံလုံးအနေနဲ့ ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။” လို့ လွှတ်တော်အမတ် ယာရိုဆလဗ်ဇီ လန်ယက်ဗ်က တယ်လီဂရမ်ပို့စ်တစ်ခုမှာ တင်ထားပါတယ်။
လွှတ်တော်အမတ် ၄၅၀ အနက် ၂၈၃ ဦးက တိမ်းရှောက်ပျက်ကွက်သူကို ပြင်းပြင်းထန်ထန် အရေးယူမယ့် အဲဒီ စစ်မှုထမ်းဥပဒေကို ထောက်ခံခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်ခဲ့မှုနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲ က စစ်ရေးအကူအညီပိတ်ဆို့မှုတို့ကြောင့် ယူကရိန်းစစ်တပ် အားနည်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်တပ်ဟာ အကျအဆုံး အများအပြားလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
ယူကရိန်းစစ်တပ်မှာ စစ်သည်အင်အားပြတ်လတ်လာတဲ့အတွက် စစ်မှုထမ်းဆောင်ရမယ့်အသက်ကို ၂၇ နှစ်က နေ ၂၅ နှစ်အထိ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက အခုလအစောပိုင်းက လျှော့ချခဲ့ပါတယ်။
စစ်ပွဲမှာ ၃၆ လကြာတာဝန်ထမ်းဆောင်ပြီးတဲ့ စစ်သည်တွေကို ပြန်လည်အနားပေးဖို့ ညွှန်ကြားချက်ကို ကြည်း တပ်ရဲ့တောင်းဆိုချက်အရ ပယ်ဖျက်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေ အသက်ဝင်ဖို့အတွက် ယူကရိန်းသမ္မတဇီလန်စကီးက လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။
Ref: Ukrainian Parliament Approves Army Mobilization Law
#PeopleMedia