• Follow Us on
Latest News

Home စစ်မှုထမ်းဥပေဒ ရှောင်ရှားမယ့်သူတွေ များပြားလာတဲ့အတွက် ထိုင်းသံရုံးက ဗီဇာထုတ်ပေးမှု ထိန်းချုပ်မည်

စစ်မှုထမ်းဥပေဒ ရှောင်ရှားမယ့်သူတွေ များပြားလာတဲ့အတွက် ထိုင်းသံရုံးက ဗီဇာထုတ်ပေးမှု ထိန်းချုပ်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇

 

မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံကို ထွက်ပြေးလာမယ့် မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားမှုများပြားလာတာကို ထိန်းချုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

 

ထိုင်းသံရုံးက ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့) ကစပြီး တစ်ရက်ကို ဗီဇာလျှောက်လွှာ ၄၀၀ သာ လက်ခံတော့မှာဖြစ်ကြောင်း ထိုင်းသံရုံးရဲ့ Facebook အကောင့်စာမျက်နှာမှာ ကြေညာထားပါတယ်။

 

ဗီဇာလျှောက်ထားချင်သူတွေကို ရုံးဖွင့်ရက်တွေတိုင်းမှာ မနက် ၈ နာရီခွဲကစပြီး တန်းစီလက်မှတ်တွေ ထိုင်း သံရုံးက စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

 

တန်းစီလက်မှတ်တစ်စောင်ဟာ လျှောက်ထားသူတစ်ဦးအတွက်သာဖြစ်ပြီး တခြားပုဂ္ဂိုလ်ကို လွှဲပြောင်းပေးခွင့် မရှိဘူးလို့ဆိုပါတယ်။

 

တန်းစီလက်မှတ်အတုလုပ်တဲ့သူတွေနဲ့ အဲဒီလက်မှတ်ကို တခြားပုဂ္ဂိုလ်ထံပြန်လည်လွှဲပြောင်းပေးတဲ့သူတွေကို အမည်ပျက်စာရင်းထဲထည့်သွင်းပြီး ၎င်းတို့လျှောက်လွှာတွေကိုလည်း ပယ်ချသွားမှာဖြစ်ကြောင်း ထိုင်းသံရုံးက ပြောပါတယ်။

 

မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်) ကိုင်ဆောင်ထားသူတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့် ခရီးသွားရည်ရွယ်ချက်နဲ့ ဗီဇာမလိုဘဲ ၁၄ ရက်ကြာ ဝင်ရောက်လည်ပတ်နိုင်ကြောင်းကိုလည်း ထိုင်းသံရုံးက ကြေညာပါတယ်။

 

မြန်မာနိုင်ငံသား ထောင်ကျော်ဟာ ဗီဇာလျှောက်ထားဖို့အတွက် ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ နေ့စဉ် စီတန်း နေကြတယ်လို့ မြန်မာနိုင်ငံထဲက သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

မြန်မာ့တပ်မတော်ဟာ ပြည်တွင်းသောင်းကျန်းမှုတွေကို နှိမ်နှင်းဖို့ ကြိုးစားနေစဉ်အတွင်း လက်ရှိ နစက အစိုးရ က လူငယ်တွေအတွက် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းကြေညာလိုက်သလို အငြိမ်းစားတပ်မတော်သားတွေကိုလည်း ပြန်လည်ဆင့်ခေါ်နေကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

 

၂၀၂၁ ခုနှစ်အာဏာသိမ်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှာ ဝရုန်းသုန်းကားဖြစ်နေပြီး နစက အစိုးရက အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးမှာဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

 

စစ်မှုထမ်းဥပဒေအရ အသက် ၁၈-၃၅ နှစ်အရွယ် အမျိုးသားတွေနဲ့ အသက် ၁၈-၂၇ နှစ်အရွယ် အမျိုးသမီးတွေ ကို ဆင့်ခေါ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့စနေနေ့က နစက အစိုးရက ပြောပါတယ်။

 

Ref: Thai embassy curbs visas amid conscription exodus: Bangkok Post

 

#PeopleMedia


Share this post