စစ်မှုမထမ်းမနေရဥပဒေ ပြန်လည်အသက်သွင်းဖို့ ခရိုအေးရှား စဉ်းစားနေ
PUBLISHED - January 24, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
ခရိုအေးရှားနိုင်ငံမှာ စစ်မှုမထမ်းမနေရစနစ် ပြန်လည်အသက်သွင်းဖို့နဲ့ အလယ်တန်းကျောင်း သင်ရိုးညွှန်းတမ်း မှာ စစ်ပညာသင်ကြားပေးရေးထည့်သွင်းရေးဆွဲဖို့ ခရိုအေးရှားအစိုးရကို ကာကွယ်ရေးဝန်ကြီးဌာနက အကြံပေး လိုက်ပါတယ်။
အခုလိုအကြံပေးရတဲ့အကြောင်းရင်းတွေထဲမှာ ဥရောပနဲ့ ဘော်လကန်ဒေသမှာ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာ မှုတွေမြင့်တက်လာတာကြောင့်လည်းပါတယ်လို့ ဆိုပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက နိုင်ငံရဲ့လှိုင်းကြီးလေထန်သမိုင်းကြောင်းနဲ့ အရှေ့ဥရောပဒေသမှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အစိုးရနဲ့ ခရိုအေးရှားပြည်သူတွေက အဲဒီအစီအစဉ်ကို စဉ်းစားလာတာဖြစ်ပါတယ်။
ခရိုအေးရှားနေ့စဉ်ထုတ် Vecernji List သတင်းစာကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပါဝင်သူဦးရေ ၁၁၃၀၀ မှာ ၇၀ ရာခိုင်နှုန်းက အဲဒီအစီအစဉ်ကို ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းဖို့ဖြစ်လာတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ဖွားသေစာရင်းဆိုင်ရာအကျပ်အတည်း မြင့်တက်လာမှုကြောင့်လို့ ဆိုပါတယ်။
တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ခရိုအေးရှားလို နိုင်ငံငယ်လေးတစ်နိုင်ငံအနေနဲ့ အလယ်တန်းသင်ရိုးညွှန်းတမ်း ထဲက စစ်ပညာသင်ကြားရေးအစီအစဉ်က စစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာ ပညာရေးပုံစံကတစ်ဆင့် လူဦးရေအ များအပြားကို လိုအပ်တဲ့စစ်ပညာထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ခရိုအေးရှားနိုင်ငံရဲ့ မွေးဖွားမှုနှုန်းဟာ နိမ့်ကျလာတဲ့အတွက် အခုအစီအစဉ်ဟာ အလွန်အရေးကြီးကြောင်း ဗိုလ် ချုပ်ကြီး မာရင်ကိုကရက်စိစ်ကပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေမြင့်တက်လာတဲ့အတွက် ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေကလည်း စစ်မှုမထမ်းမ နေရစနစ်ကို ပြန်လည်အသက်သွင်းဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ပြီး မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လတ်ဗီးယားနိုင်ငံကလည်း ပြီးခဲ့တဲ့နှစ်ကပဲ စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းလာပါတယ်။
“ပထဝီနိုင်ငံရေးဆိုင်ရာခြိမ်းခြောက်မှုအသစ်အတွက် ကျွန်မတို့ရဲ့ တုံ့ပြန်မှုကတော့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်ပါတယ်။” လို့ လတ်ဗီးယားကာကွယ်ရေးဝန်ကြီး အီနာရာမားနိစ်က ရွေးကောက်ပွဲ မတိုင်မီ လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေကျူးကျော်တိုက်ခိုက်လာတဲ့အချိန်ကစပြီး လတ်ဗီးယားနိုင်ငံကို ကာကွယ်ရေး နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်ထားနိုင်အောင် ကျွန်မတို့ဆောင်ရွက်နိုင်ပါတယ်။ အဲဒီနည်းလမ်းတွေကတော့ လက်နက်စနစ်တွေဖြည့်တင်းထားရုံမကဘဲ စစ်မှုထမ်းဆောင်ဖို့ နိုင်ငံသားအများအပြားအသင့်ဖြစ်နေအောင် ဆောင်ရွက်ထားနိုင်တာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လတ်ဗီးယားနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် စစ်မှုမထမ်းမနေရစနစ်ကို ပယ်ဖျက်ခဲ့တဲ့နိုင်ငံဖြစ် ပါတယ်။
စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းဖို့ အခုလအစောပိုင်းက ဆားဘီးယားကာကွယ်ရေးဝန်ကြီး မီလိုဗူးချိပ်စ်ကလည်း ကြေညာလိုက်ပါတယ်။
စစ်မှုမထမ်းမနေရစနစ်နဲ့ ဝင်ရောက်လာတဲ့နိုင်ငံသားတွေရဲ့ ကျွမ်းကျင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဥပဒေအရ စစ်မှုထမ်းကာလကို အချိန်တိုဖြစ်တဲ့ လေးလသာသတ်မှတ်ထားမှာဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။
Ref: Croatia Mulls Return of Military Conscription
#PeopleMedia