စစ်ရေး သူလျှိုဂြိုဟ်တု လွှတ်တင်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားက မြောက်ကိုရီးယားကို သတိပေး
PUBLISHED - November 21, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁
စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်မှုအတွက် ပြင်ဆင်နေတာတွေကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားကို သတိပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ ကာကွယ်ရေးဝန်ကြီး Shin Won-sik က အဲဒီလွှတ်တင်မှုကို သီတင်းတစ်ပတ်အတွင်း ဒါမှမဟုတ် နိုဝင်ဘာလ ၃၀ ရက်နေ့မတိုင်ခင်မှာ လုပ်ဆောင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့တဲ့အကြား တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေက အထူးသတိထားနေကြပါတယ်။
တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီချုပ်ရုံးရဲ့ ကြေညာချက်တစ်ခုထဲမှာ မြောက်ကို ရီးယားက ဒီအစီအစဉ်ကို ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် သူတို့စစ်တပ်အနေနဲ့ တောင်ကိုရီးယားနိုင်ငံသား တွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။
အဲဒီကြေညာချက်မှာ အစီအမံရဲ့ အသေးစိတ်ကို ဖော်ပြမထားပါဘူး။
ဒါပေမဲ့ တင်းမာမှုလျော့ကျရေး ရည်ရွယ်တဲ့ ၂၀၁၈ ကိုရီးယားနှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ဟာ မြောက်ကို ရီးယားကို စောင့်ကြည့်ဖို့ တောင်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေအပေါ် ဂယက်ရိုက်နေတယ်လို့ အဲဒီထဲမှာ ဆိုထား ပါတယ်။
တောင်ကိုရီးယားမီဒီယာတွေက ဒီမှတ်ချက်ဟာ အဲဒီသဘောတူညီချက်ကို တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမယ်ဆို တာကို အရိပ်အယောင်ပြနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတရုံးက တနင်္လာနေ့မှာ နိုင်ငံ့လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။
သူတို့နိုင်ငံအနေနဲ့ ကာကွယ်ရေး အနေအထားကို တိုးမြှင့်သွားမယ်ဆိုတာ တာဝန်ရှိသူတွေက အတည်ပြုခဲ့ ပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်တို့နဲ့ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ သူတို့က သဘောတူခဲ့ကြပါတယ်။
source;nhk
#PeopleMedia