စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၅၀၀ ပါဝင်တဲ့ ၂၀၂၃ ကာကွယ်ရေးနဲ့ လုံခြုံရေးပြပွဲ ထိုင်းနိုင်ငံမှာ ကျင်းပ
PUBLISHED - November 7, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
နိုင်ငံပေါင်း ၄၀ က စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၅၀၀ ပါဝင်တဲ့ ၂၀၂၃ ကာကွယ်ရေးနဲ့ လုံခြုံရေး ပြပွဲကို ထိုင်းကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းက တနင်္လာနေ့ (နိုဝင်ဘာလ ၆ ရက်နေ့) က ဖွင့်လှစ်လိုက် ပါတယ်။
အဲဒီစစ်လက်နက်ပစ္စည်းပြပွဲအခမ်းအနားကို နိုင်ငံအများအပြားက သံအမတ်ကြီးတွေနဲ့ သံတမန်ဝန်ထမ်းတွေ လည်း တက်ရောက်ခဲ့ကြပါတယ်။
နှစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ဒီဒေသတွင်းစစ်လက်နဲ့ပြပွဲကို နန်းထာဘူရီပြည်နယ်၊ IMPACT မောင်ထောင်း ဌာနီကွင်းထဲမှာ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီစစ်လက်နက်ပစ္စည်းပြပွဲမှာ ကြည်း၊ ရေ၊ လေ စစ်လက်လက်နက်ပစ္စည်းတွေ ခင်းကျင်းပြသသွားမှာဖြစ်သလို လုံခြုံရေးဆိုင်ရာအထောက်အကူပစ္စည်းတွေခင်းကျင်းပြသမှုနဲ့ အစည်းအဝေးတွေကိုလည်း ကျင်းပသွားမှာဖြစ် ပါတယ်။
နိုင်ငံပေါင်း ၄၀ က စစ်လက်လက်နက်ပစ္စည်းထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီ ၅၀၀ က စစ်လက်နက်ပစ္စည်းတွေ ကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
ပြပွဲကို ထိုင်းကာကွယ်ရေးဝန်ကြီးဆုတင်နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တော်ဝင်ထိုင်း တပ်မတော်အကြီးအကဲ၊ ကြည်းတပ်စစ်ဦးစီးချုပ်၊ လေတပ်စစ်ဦးစီးချုပ်၊ ရေတပ်ဒုတိယစစ်ဦးစီးချုပ်တို့ပါ တက် ရောက်လာကြပါတယ်။
ကာကွယ်ရေးဝန်ကြီးဆုတင်ဟာ အဲဒီပြပွဲကို တက်ရောက်ဖို့ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ၊ စစ်ဦးစီးချုပ်တွေနဲ့ သံအမတ်တွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။
အခုကျင်းပနေတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ပြပွဲမှာ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့အတူ လုံခြုံရေးဆိုင် ရာကွန်ရက်တွေ တည်ဆောက်ဖို့ အခွင့်အလမ်းတစ်ခုရရှိမှာဖြစ်တာကြောင့် ဒီပြပွဲဟာ ထိုင်းကာကွယ်ရေးဝန်ကြီး ဌာနနဲ့ ထိုင်းလက်နက်ကိုင်အဖွဲ့တွေအတွက် အရေးကြီးတဲ့ပြပွဲတစ်ခုဖြစ်ကြောင်း ဆုတင်က အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
ဒီစစ်လက်နက်ပစ္စည်းပြပွဲကို ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တွေမှာ စင်္ကာပူနိုင်ငံမှာကျင်းပခဲ့ပေမဲ့ ပြပွဲစတင်ကျင်းပခဲ့တဲ့ ၁၉၉၈ ခုနှစ်ကစပြီး ထိုင်းနိုင်ငံဘန်ကောက်မှာသာ အများ ဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။
Ref: 500+ weapons, security equipment makers join Defence & Security expo in Nonthaburi
#PeopleMedia