စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုမြှင့်တင်ရေး ထိုင်းနဲ့ ပြင်သစ် ဆွေးနွေး
PUBLISHED - July 9, 2024
နိုင်ငံတကာ၊ ဇူလိုင် ၉
နှစ်နိုင်ငံ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှု မြှင့်တင်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထိုင်းအရာရှိတွေနဲ့ ပြင် သစ်အရာရှိတွေ အထူးအစည်းအဝေးတစ်ရပ်ကျင်းပ ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြ ထားပါတယ်။
ထိုင်းအစိုးရဟာ လာမယ့်အနှစ်နှစ်ဆယ်အတွင်း ဘတ်ငွေ ဘီလျံ ၂၀၀ တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူသွားဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကပဲ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးမှာကျင်းပခဲ့တဲ့ “၂၀၂၄ ခုနှစ် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ထိုင်း-ပြင်သစ် ဆွေးနွေးပွဲ” ဖွင့်ပွဲမှာ ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းနဲ့ ထိုင်းနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်တို့ တက်ရောက်ခဲ့ကြပါတယ်။
အထူးအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေက ထိပ်တန်းအရာရှိတွေနဲ့ ထိုင်း-ပြင်သစ် လုပ်ငန်းရှင် ၁၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြပါတယ်။
ဒီအထူးအစည်းအဝေးဟာ မေလ ၁၇ ရက်နေ့က ထိုင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနဲ့ စွမ်းအင်စင်တာနဲ့ ပြင်သစ်စစ်လက်နက်ပစ္စည်းဝယ်ယူရေးအေဂျင်စီ၊ Direction Generale de l’Armement (DGA) တို့ ပူးတွဲ လက်မှတ်ရေးထိုးခဲ့တဲ့ ရည်ရွယ်ချက်စာချွန်လွှာ (LOI) ထဲမှာပါတဲ့ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ထိုင်း-ပြင်သစ် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကွန်ရက်တစ်ခု တည်ဆောက်ပြီး ရင်းနှီးမြှုပင်နှံမှုတွေ အားပေး မြှင့်တင်ဖို့ လမ်းညွှန်ချက်တွေနဲ့ အတွေးအမြင်တွေ အပြန်အလှန်ဖလှယ်ရေး ဆုံးဖြတ်ဖို့ ရည်ရွယ်ချက်စာချွန်လွှာ (LOI) ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နိုင်ငံတချို့ဟာ ၎င်းတို့လက်နက်တိုက်တွေထဲ ကို စစ်လက်နက်ပစ္စည်းတွေ အများအပြား ဖြည့်တင်းနေကြသလို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍမှာ လည်း အများအပြားရင်းနှီးမြှုပ်နှံနေကြတယ်လို့ မစ္စတာဆုတင်က ပြောပါတယ်။
ထိုင်းနိုင်ငံက ထုတ်လုပ်သွားမယ့် စစ်လက်နက်ပစ္စည်းလေးမျိုးကတော့ သံချပ်ကာယာဉ်၊ စစ်သင်္ဘော၊ မောင်းသူ မဲ့လေယာဉ် (UAV) နဲ့ လက်နက်ငယ်/ခဲယမ်းများ ဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို အာ ဆီယံနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေနဲ့ အာဖရိကတိုက်က နိုင်ငံတွေကို ရောင်းချသွားဖို့ အခွင့်အ လမ်းရှိကြောင်း မစ္စတာဆုတင်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ ဘတ်ငွေ ဘီလျံ ၂၀၀ တန်ကြေးှရှိတဲ့ စစ်ယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း ဝယ်ယူသွားမှာဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။
ဒါ့ကြောင့် အဲဒီစစ်လက်နက်ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်မယ်ဆိုရင် အစိုးရဝင်ငွေအများအပြားကို နိုင်ငံ့စီးပွားရေးလည်ပတ်မှုမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် မေလအတွင်းက ပြင်သစ်သမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့သလို မစ္စတာ ဆုတင်က ဇွန်လအတွင်း ပဲရစ်မှာကျင်းပတဲ့ Eurosatory 2024 exhibition ကို တက်ရောက်ခဲ့ပြီးနောက်မှာ အ ခုလို နှစ်နိုင်ငံ အထူးအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
Ref: Thailand, France discuss boosting arms industries
#PeopleMedia