• Follow Us on

Home စစ်သင်္ဘောတချို့ထိခိုက်ပျက်စီးမှုကြောင့် ရုရှားနိုင်ငံက ပင်လယ်နက်ထဲမှာ ရေငုပ်သင်္ဘောတွေ အသုံးပြု ကင်း လှည့်နေ

စစ်သင်္ဘောတချို့ထိခိုက်ပျက်စီးမှုကြောင့် ရုရှားနိုင်ငံက ပင်လယ်နက်ထဲမှာ ရေငုပ်သင်္ဘောတွေ အသုံးပြု ကင်း လှည့်နေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၅

 

ယူကရိန်းစစ်ပွဲအတွင်း ရုရှားရေတပ်သင်္ဘောတွေ အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ရုရှားနိုင်ငံဟာ ပင်လယ်နက်ကင်းလှည့်တာဝန်တွေ ထမ်းဆောင်ဖို့အတွက် ၎င်းတို့ရဲ့ ရေငုပ်သင်္ဘောတွေကို မ လွှဲမရှောင်သာ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

 

ရုရှားတပ်တွေဟာ ၎င်းတို့ရေငုပ်သင်္ဘောတွေကို မကြာသေးခင်ကပဲ လှည့်လည်တာဝန်ထမ်းဆောင်ခိုင်းထား ကြောင်း ယူကရိန်းတောင်ပိုင်းတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရိုပလီတန်းချက်က အစိုးရရုပ်သံဌာနမှာ မိန့်ခွန်း ပြောစဉ် ထည့်သွင်းပြောကြားသွားပါတယ်။

 

“အဇော့-ပင်လယ်နက်ဒေသမှာ ရုရှားတွေမှာ ရေငုပ်သင်္ဘော လေးစီးရှိပါတယ်။ အဲဒီအထဲက သုံးစီးဟာ ခရုစ်ဒုံး ကျည်တွေတပ်ထားတဲ့သင်္ဘောတွေဖြစ်တယ်။ နှစ်စီးကတော့ အခါအားလျော်စွာ ပင်လယ်ထဲကို ထွက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၂၀၂၃ ခုနှစ်အကုန်မှာ ရုရှား ပင်လယ်နက်ရေတပ်အုပ်စုရဲ့ စစ်သင်္ဘော ၃၀% ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူက ရိန်းစစ်တပ်က ကြေညာပြီးနောက်မှာ အခုလို သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အခုနှစ်အစောပိုင်းက ယူကရိန်း Magura V5 မောင်းသူမဲ့ရေယာဉ် (ရေဒရုန်း) တွေက ခရိုင်းမီးယားကျွန်းဆွယ် က ရုရှားကင်းလှည့်ရေယာဉ်လေးစီးကို တိုက်ခိုက်ခဲ့ရာ နှစ်စီးလုံးဝပျက်စီးသွားပြီး ကျန်နှစ်စီးက ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်လို့ ဆိုပါတယ်။

 

ရေငုပ်သင်္ဘောတွေကို ကင်းလှည့်တာဝန်ပေးထားတဲ့အပြင် ရုရှားအစိုးရဟာ ပင်လယ်နက်နဲ့ ဆက်စပ်နေတဲ့ အဇော့ပင်လယ်ထဲမှာ စစ်သင်္ဘောတွေကိုလည်း လေ့ကျင့်သင်ကြားပေးနေတယ်လု့ိ ဆိုပါတယ်။

 

ဒါ့အပြင် ရုရှားတွေဟာ ဒေသတွင်း စေလွှတ်ထားတဲ့ ၎င်းတို့ရဲ့ ကမ်းထိုးရေယာဉ်တွေနဲ့ ဒုံးကျည်အငယ်စားတွေ တပ်ဆင်ထားတဲ့ ကော်ဗတ်ရေယာဉ်တွေကို ကာကွယ်ဖို့အတွက် ဝမ်းပြားရေယာဉ်တွေကိုလည်း တည်ဆောက် ခဲ့တယ်လို့ ဆိုပါတယ်။

 

ယူကရိန်းဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကနေ ပိုပြီးဘေးကင်းလုံခြုံဖို့အတွက် အဲဒီဒေသ ရုရှားတပ်တွေက ဂရု တစိုက်စောင့်ကြည့်နေကြောင်း ဒီမီထရိုပလီတန်းချက်က ပြောပါတယ်။ ဒါပေမဲ့ ရေတိမ်အဇော့ပင်လယ်ဟာ ရုရှားရေတပ်စစ်ဆင်ရေးတွေအတွက် အကန့်အသတ်တွေရှိနေကြောင်း ၎င်းက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲကို အထောက်အကူပြုဖို့အတွက် ရုရှားတွေဟာ ၎င်းတို့ရေတပ်စစ်သင်္ဘော ၈၀ ကို တပ်ဖြန့်ချ ထားခဲ့ကြောင်း ၂၀၂၄ ခု ဖေဖော်ဝါရီလမှာ ပလီတန်းချက်က ပြောပါတယ်။

 

ဒါပေမဲ့ စစ်ပွဲနှစ်နှစ်ကာလအတွင်းမှာ ၂၀၂၂ ခုနှစ် မတ်လအတွင်းက ရုရှား Alligator-class ကုန်းရေနှစ်သွယ် သွားစစ်ရေယာဉ်တစ်စီးကို ဆိုဗီယက်ခေတ်ထုတ် Tochka-U ဒုံးကျည်နဲ့ ပစ်ခတ်နှစ်မြှုပ်ပစ်တာအပါအဝင် ရုရှားစစ်သင်္ဘောတွေကို ထိခိုက်ပျက်စီးအောင် တိုက်ခို်က်နိုင်ခဲ့တယ်လု့ိ ဆိုပါတယ်။

 

Ref: Russia Now Uses Submarines to Patrol Black Sea Following Naval Losses: Report

 

#PeopleMedia


Share this post