စစ်သည်တွေ အဝလွန်နေတဲ့အတွက် အမေရိကန်တပ်မတော်က နှစ်စဉ် ဒေါ်လာ ၁.၃၅ ဘီလျံ သုံးစွဲနေရ
PUBLISHED - September 12, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂
အမေရိကန်တပ်ဖွဲ့ဝင်တွေကြားမှာ အဝလွန်မှု အလွန်အကျွံမြင့်မားလာတဲ့အတွက် အမေရိကန်တပ်မတော်ဟာ အဲဒီအဝလွန်မှုနဲ့ဆက်နွယ်တဲ့ရောဂါတွေ ကုသပေးဖို့နဲ့ စစ်သည်တွေရဲ့လုပ်အားဆုံးရှုံးမှုတို့အတွက် တစ်နှစ်ကို ဒေါ်လာ ၁.၃၅ ဘီလျံအထိ သုံးစွဲနေရတယ်လို့ ဆိုပါတယ်။
တပ်မတော်အတွင်း အဝလွန်မှုနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ဘက်စုံဆန်းစစ်လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် မှာ American Security Project (ASP) ခေါ် ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ တာ ဖြစ်ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်သည် သုံးပုံနှစ်ပုံဟာ သာမန်ထက်ပိုဝနေသလို တချို့လည်း အဝလွန်နေတာကို တွေ့ရှိရကြောင်း ASP အဖွဲ့က ပြောပါတယ်။
အခုလို အဝလွန်ပြဿနာဟာ စစ်သည်အင်အား၊ ကျန်းမာရေးနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုတို့အပေါ် ထိခိုက်စေတဲ့ အတွက် ဒီအဝလွန်မှုဟာ စစ်သည်တွေရဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ် ကြောင်း ASP အဖွဲ့ သုတေသနခေါင်းဆောင် ကောင့်နေးမန်နင်းန်က ပြောပါတယ်။
ဒါ့အပြင် အဲဒီအဝလွန်မှုကြောင့် အဝလွန်မှုနဲ့ဆက်နွယ်တဲ့ ရောဂါတွေကို ကုသပေးရတဲ့အတွက် ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁.၂၅ ဘီလျံကုန်ကျခဲ့သလို အဲဒီစစ်သည်တွေ ဆေးရုံတက်ရောက်ကုသနေစဉ် လုပ်အားဆုံးရှုံးမှုအ တွက် နောက်ထပ် ဒေါ်လာ ၉၉ သန်းဆုံးရှုံးခဲ့တဲ့အတွက် အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေတွေကို ဘီလျံ ပေါင်းများစွာ ကုန်ကျခဲ့ကြောင်း ASP အဖွဲ့က ပြောပါတယ်။
“အမေရိကအနေနဲ့ ဒီပြဿနာကို ဆက်ပြီး မသိကျိုးကျွံပြုမနေနိုင်တော့ပါဘူး။ အဝလွန်မှုဟာ စစ်သည်တွေ ကြားမှာ ဆက်လက်မြင့်မားနေတဲ့အတွက် အမေရိကန်တပ်မတော်ဟာ မကြုံဖူးတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။” လို့ သုသတေသနစာတမ်းထဲမှာ ရေးသားဖော်ပြထားပါတယ်။
အဝလွန်မှုဟာ တပ်မတော်တွင်း တောက်လျှောက်ရင်ဆိုင်နေရတဲ့ တပ်သားသစ်စုဆောင်းရေးအခက်အခဲရဲ့ အဓိကအကြောင်းရင်းတစ်ရပ်လည်းဖြစ်ကြောင်း အဲဒီလေ့လာမှုမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်မှာ တပ်သားသစ်လျှောက်ထားသူ ၅၂,၀၀၀ ဦးဟာ ၎င်းတို့ရဲ့ကိုယ်အလေးချိန်တေကြာင့် အရည် အချင်းမပြည့်မီဘူးဆိုပြီး ပယ်ချခံခဲ့ရပါတယ်။
ပြဿနာက “တပ်မတော်ထဲကို အဝင်မခံခြင်း၊ တပ်မတော်ထဲက ထွက်ဖို့ ဖိအားပေးခြင်းနဲ့ လက်ရှိတာဝန်ထမ်း ဆောင်နေဆဲ တပ်တော်သားတွေအတွက် အန္တရာယ်မြင့်တက်နေခြင်း” တို့ပဲဖြစ်ကြောင်း သုတေသီတွေက ပြော ပါတယ်။
တပ်မတော် ခန္ဓာကိုယ်အလေးချိန်လျှော့ချရေးစီမံချက် ၂၂ ခုရှိတဲ့အနက် အဲဒီအထဲက တစ်ခုကမှ ခန္ဓာကိုယ်အ လေးချိန် ငါးရာခိုင်နှုန်းလျှော့ချပြီး လျှော့ချထားတဲ့ အလေးချိန်ကို ၁၂ လ ကျော် ထိန်းသိမ်းထားဖို့ ကြိုးစား ဆောင်ရွက်နေတဲ့တပ်ဖွဲ့ဝင်တွေရဲ့ သုံးရာခိုင်နှုန်းလောက် ကိုတောင် ထိထိရောက်ရောက်လျှော့ချနိုင်အောင် မ ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါသုတေသီတွေကထောက်ပြပါတယ်။
အမေရိကန်စစ်သည်တွေကြား အဝလွန်မှုကို ကာကွယ်ဖို့အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့နည်းလမ်းတစ်ရပ် ကို ပိုမိုအသုံးပြုဖို့ American Security Project အဖွဲ့က အမေရိကန်တပ်မတော်ကို အကြံပြုတိုက်တွန်းထားပါ တယ်။
အဲဒီနည်းလမ်းထဲမှာ လူငယ်စစ်သည်တွေကို ကျန်းမာရေးနဲ့ အဟာရဆိုင်ရာ အသိပညာပေးမှုတွေ လုံလုံ လောက်လောက်ပြုလုပ်ပေးပြီး အရည်အသွေးပြည့်မီတဲ့အစားသောက်တွေ စီစဉ်ပေးဖို့ ပါဝင်ပါတယ်။
လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်ပေးနိုင်အောင်လို့ အဝလွန်မှုကို ရောဂါတစ်ရပ်အဖြစ် တရားဝင်အဆင့် သတ် မှတ်ပေးရေးကိုလည်း တပ်မတော်ကို သုတေသီတွေက ဆောင်ရွက်စေချင်ပါတယ်။
“တရားဝင်စာနဲ့ အဆင့်သတ်မှတ်ခွဲခြားခြင်းတွေနဲ့ ဆက်စပ်ကာကွယ်ရေးအစီအစဉ်တွေမရှိရင် တာဝန်ထမ်း ဆောင်နေတဲ့စစ်သည်တွေဟာ စံနှုန်းသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကျော်လွန်တဲ့အတွက် ဘက် လိုက်ခံရတာတို့၊ ခွဲခြားဆက်ဆံခံရတာတို့ ရင်ဆိုင်ရမှာဖြစ်ပြီး ရာထူး/အဆင့်တိုးမြှင့်ဖို့၊ ပညာရေးအခွင့်အလမ်း ရရှိဖို့နဲ့ မသန်စွမ်းလျော်ကြေးကိစ္စတွေ ခံစားဖို့အတွက် အရည်အချင်းမပြည့်မီတာတွေ ဖြစ်လာနိုင်ပါတယ်။” လို့ သုတေသနစာတမ်းထဲမှာ ဖော်ပြထားပါတယ်။
Ref: US Military Losing $1.35B Annually Due to Soldier Obesity: Study: The Defense Post
#PeopleMedia