• Follow Us on
Latest News

Home စစ်သားစုဆောင်းရေးလိုအပ်ချက်အရ သြစတေးလျနိုင်ငံက နိုင်ငံသားမဟုတ်သူများကို စစ်မှုထမ်းဆောင် ခွင့်ပြုမည်

စစ်သားစုဆောင်းရေးလိုအပ်ချက်အရ သြစတေးလျနိုင်ငံက နိုင်ငံသားမဟုတ်သူများကို စစ်မှုထမ်းဆောင် ခွင့်ပြုမည်

Share this post

နိုင်ငံတကာ၊ ဇွန် ၅

 

သြစတေးလျနိုင်ငံရဲ့ စစ်သားစုဆောင်းရေးရည်မှန်းချက် ပြည့်မီဖို့အတွက် နိုင်ငံသားမဟုတ်သူတွေကို တပ်မ တော်ထဲဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ကြောင်း သြစတေးလျအစိုးရက အင်္ဂါနေ့ (ဇွန်လ ၄ ရက်နေ့) က ပြောကြား လိုက်ပါတယ်။

 

“သြစတေးလျနိုင်ငံမှာ ၁၂ လ (တစ်နှစ်) ကြာနေထိုင်ခဲ့တဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေကို သြစတေးလျတပ် မတော်ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားစ်က ပြောပါတယ်။

 

ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ အမေရိကန်ပြည်ထောင်စုက နိုင်ငံသားတွေကိုတော့ ပိုမိုဦးစားပေးခေါ်ယူမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။ သြစတေးလျနိုင်ငံဟာ ကမ္ဘာတစ်ဝန်း တဖြည်းဖြည်းကျယ်ပြောပြန့်ကားလာတဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုပိုင် ဆိုင်ထားပေမဲ့ လူဦးရေ ၂၆ သန်းသာရှိတဲ့နိုင်ငံဖြစ်ပါတယ်။

 

ဒေသတွင်းမြင့်တက်လာတဲ့ တင်းမာမှုတွေကို ရင်ဆိုင်ဖို့အတွက် သြစတေးလျအစိုးရဟာ မကြာသေးခင်ကပဲ ကာကွယ်ရေးအသုံးစရိတ်တွေမြှင့်တင်ပြီး ရေငုပ်သင်္ဘောတွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးယာဉ် တွေ အများအပြားဝယ်ယူခဲ့ပါတယ်။

 

ဒါပေမဲ့ လေတပ်အတွက်လိုအပ်တဲ့ လေသူရဲတွေ၊ ရေတပ်အတွက် ရေတပ်တပ်ဖွဲ့တွေနဲ့ တခြားတပ်ဖွဲ့ဝင်တွေ အ လုံအလောက်ရရှိဖို့အတွက် သြစတေးလျအစိုးရဟာ မနည်းရုန်းကန်ရှာဖွေခဲ့ရပါတယ်။

 

လက်ရှိအချိန်မှာ သြစတေးလျနိုင်ငံသားတွေ တပ်မတော်ထဲဝင်ရောက်တာ အလွန်အမင်းနည်းပါးလွန်းနေရင် အနာဂတ်မှာ အင်အားချိနဲ့တဲ့တပ်မတော်တစ်ရပ်ကိုသာ ရရှိမှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သြစတေးလျ အစိုးရကို သတိပေးနေပါတယ်။

 

လက်ရှိအချိန်မှာ သြစတေးလျတပ်မတော်မှာ အရန်တပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၉၀၀၀၀ ဝန်းကျင်ရှိ ကြောင်း သြစတေးလျမဟာဗျူဟာလေ့လာရေးအင်စတီကျုက ပြောပါတယ်။ သြစတေးလျနဲ့မတူတာကတော့ တရုတ်နိုင်ငံမှာ ခန့်မှန်းစစ်အင်အား ၂ သန်းရှိနေတာပဲဖြစ်ပါတယ်။

 

သြစတေးလျကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုးချဲ့တာဟာ နောက်ထပ်ဆယ်စုနှစ်တစ်ခုအပါအဝင် အနာဂတ်ကာ လတစ်ခုလုံးအတွက် အမျိုးသားလုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားစ်ကပြောပါတယ်။

 

Ref: Short on Troops, Australia Opens Military to Non-Citizens

 

#PeopleMedia


Share this post