• Follow Us on
Latest News

Home စစ်သွေးကြွ KNDF အဖွဲ့ အကြမ်းဖက် သင်တန်းပေးနေသည့် ဖယ်ခုံမြို့နယ် ဆိုင်ခွန်ရွာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

စစ်သွေးကြွ KNDF အဖွဲ့ အကြမ်းဖက် သင်တန်းပေးနေသည့် ဖယ်ခုံမြို့နယ် ဆိုင်ခွန်ရွာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန်ရွာတွင် စစ်သွေးကြွ KNDF/PDF အဖွဲ့ဝင်များ အကြမ်းဖက် သင်တန်းပေးနေသည့် နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ယနေ့ ဒီဇင်ဘာလ (၃)ရက် နံနက် (၃)နာရီဝန်းကျင်က ရှမ်းကယားနယ်စပ် မိုးဗြဲမြို့အနီးရှိ ဖယ်ခုံမြို့နယ် ဆိုင်ခွန်ရွာကို တပ်မတော်က လေကြောင်းဖြင့် (၉)ကြိမ်တိုင် ရှင်းလင်းခဲ့သည်။

 

ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာတွင် ဗုံးသီးအလုံး (၄၀)ကျော် ကျရောက်ပေါက်ကွဲ မှုကြောင့် ဆိုင်ခွန်ကျေးရွာရှိ စစ်သွေးကြွ KNDF/PDF အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း အများအပြား ရှိကြောင်း သိရသည်။

 

ဆိုင်ခွန်ကျေးရွာသည် ဖယ်ခုံမြို့ အနောက်ဘက်တွင် တည်ရှိပြီး ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အစပ်ကြားရှိ ရွာကြီးတစ်ရွာဖြစ်သည်။

 

#PeopleMedia


Share this post