• Follow Us on
Latest News

Home စစ်သွေးကြွ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို တပ်မတော်မှ လေကြောင်းဖြင့် ထပ်မံရှင်းလင်း

စစ်သွေးကြွ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို တပ်မတော်မှ လေကြောင်းဖြင့် ထပ်မံရှင်းလင်း

Share this post

နေပြည်တော်၊ ဩဂုတ် ၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ စစ်သွေးကြွ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို တပ်မတော်မှ လေကြောင်းဖြင့် ထပ်မံရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ (၂)ရက် နံနက် အစောပိုင်း (၁)နာရီခန့်က လောက်ကိုင်မြို့ တုံချိန်နှင့် ကျင်မောက်အနီးကို တပ်မတော်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် တုံချိန်နှင့် ကျင်မောက်ရှိ အဆောက်အအုံများ ထိခိုက်ပျက်စီး သွားပြီး လူထိခိုက်သေဆုံးမှု ရှိ၊မရှိ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

 

ပြီးခဲ့တဲ့ ဇူလိုင် (၁၄) ရက်၊ ဇူလိုင်လ (၂၂)နှင့် ဇူလိုင်လ (၂၄) ရက်ကလည်း စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို တပ်မတော်မှ လေကြောင်းဖြင့် (၃)ကြိမ်တိုင် ရှင်းလင်းခဲ့သည်။

 

#PeopleMedia


Share this post