• Follow Us on

Home စစ်သွေးကြွ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်

စစ်သွေးကြွ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲ နေပြည်တော်တွင် ပြုလုပ်

Share this post

နေပြည်တော်၊ ဩဂုတ် ၆

 

စစ်သွေးကြွ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

 

ယနေ့ ဩဂုတ်လ (၆)ရက် နေ့ခင်း (၁)နာရီအချိန်က ဇမ္ဗူသီရိမြို့နယ်၊ မြို့တော်ခန်းမရှေ့၊ ဂိတ် (၁)အနီးရှိ ပျဉ်းမနား- တောင်ညိုလမ်းမပေါ်တွင် အဆိုပါ ကန့်ကွက်ရှုတ်ချပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းကန့်ကွက်ရှုတ်ချပွဲကို လယ်ဝေးမြို့နယ်၊ အောင်ကုန်းကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာ ရှေးဟောင်းဘုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိ(ယခင်မဘသ၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၊ မြို့နယ် ပြန်ကြားရေးတာဝန်ခံ)နှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မြန်မာ့အမျိုးသားရေးကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး နောင်တော်လေး(Myanmar Na tional Post)တို့မှ ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

၎င်းစစ်သွေးကြွ MNDAA ပူးပေါင်းအဖွဲ့များ၏ ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချပွဲတွင် အမျိုးသား ရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုနောင်တော်လေး၊ ကိုဇော်ဖုန်းဟိန်း၊ ဦးစံဝင်းတို့မှ ဟောပြောခဲ့ကြပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား ထောင်နှင့်ချီ တက်ရောက်စုဝေးခဲ့ကြသည်။

 

#PeopleMedia


Share this post