• Follow Us on
Latest News

Home စစ်သွေးကြွ MNDAA မှ လားရှိုးမြို့အတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် ပြည်သူ (၁၄) ဦးထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားလာ

စစ်သွေးကြွ MNDAA မှ လားရှိုးမြို့အတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် ပြည်သူ (၁၄) ဦးထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားလာ

Share this post

နေပြည်တော်၊ ဇူလိုင် ၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တိုက်ပွဲနှစ်ရက်အတွင်း စစ်သွေးကြွ MNDAA မှ မြို့အတွင်းသို့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် ပြည်သူ (၁၄)ဦးထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြား လာကြောင်း သိရသည်။

 

ဇူလိုင်လ (၃)ရက်မှ စတင်ခဲ့သည့် လားရှိုးမြို့တိုက်ပွဲတွင် MNDAA အဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးများ၊ ရှော့တိုက်ဒုန်းများ လူနေရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး (၅) ဦးနှင့် ကလေး (၂)ဦး အပါအဝင် အရပ်သား (၁၄)ဦး ထိခိုက်သေဆုံးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားလာကြောင်း လားရှိုး ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ယနေ့နံနက် (၉)နာရီခန့်က MNDAA အဖွဲ့ဝင်များ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် လားရှိုးမြို့ ခေးနင်းဘူတာဘက် ကျရောက်မှုကြောင့် သားအမိ နှစ်ဦးသေဆုံးသွားသလို ရပ်ကွက် (၁၂)ဘက်က ရာစုသစ် ကျောင်းဘက်လည်း လက်နက်ကြီးကျည် ကျရောက်ခဲ့မှုကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်းနှင့် ရပ်ကွက် (၁၁) အုတ်ကွင်းဘက်တွင်လည်း လက်နက်ကြီးကျည် ကျရောက်ခဲ့သဖြင့် ယောင်္ကျားလေး နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

ယမန်နေ့ ဇူလိုင်လ (၃)ရက် ညနေ ၅ နာရီခန့်ကလည်း MNDAA အဖွဲ့ဝင်များ ပစ်ခတ်သည့် ရှော့တိုက်ဒုန်း သည် လားရှိုးမြို့ ရပ်ကွက်(၄) ပန်အုပ်ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား (၁) ဦး သေဆုံးပြီး စစ်ဘေးရှောင် (၇)ဦးကျော်နှင့် ကိုရင်များ ထိခိုက်ဒဏ်ရာသလို လားရှိုး ခမရတိုင်းရုံးနှင့် တက္က သိုလ်ကြားရှိ ရပ်ကွက်(၁) ဗျူဟာလမ်းတွင်လည်း MNDAA အဖွဲ့ဝင်များ၏ ဒရုန်းဗုံးကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် မိသားစု (၆) ဦးလည်း နေအိမ်၌ ပွဲချင်းပြီးသေဆုံးခဲ့သည်။

 

လက်ရှိအချိန်တွင် လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ရှိ ခမရ ၅၀၇ တပ်စခန်းဘက်တွင် လက်နက်ကြီး၊ လက်နက် ငယ် ပစ်ခတ်သံများ ကြားနေရပြီး MNDAA အဖွဲ့ဝင်များသည် လားရှိုးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းနှင့် တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းနေကြောင်း သိရသည်။

 

#PeopleMedia


Share this post