• Follow Us on
Latest News

Home စစ်သွေးကြွ MNDAA အဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီး လားရှိုးမြို့၊ အ-ထ-က ၅ ကျောင်း ထိမှန်ပြီး ကိုယ်ဝန်ဆောင်အပါအဝင် စစ်ရှောင်များထိမှန်

စစ်သွေးကြွ MNDAA အဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီး လားရှိုးမြို့၊ အ-ထ-က ၅ ကျောင်း ထိမှန်ပြီး ကိုယ်ဝန်ဆောင်အပါအဝင် စစ်ရှောင်များထိမှန်

Share this post

မန္တလေး၊ ဇူလိုင် ၂၉

 

ယနေ့နံနက် ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စစ်သွေးကြွ MNDAA အဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီး သည် လားရှိုးမြို့၊ အ-ထ-က ၅ ကျောင်း ထိမှန်ပြီး ကိုယ်ဝန်ဆောင်အပါအဝင် စစ်ရှောင်များထိမှန်ခဲ့သည်။

 

“အ-ထ-က ၅ က ထောက်ပို့တပ်နဲ့ အနီးမှာ ရှိတာပေါ့။ ဒီကနေ့ ဟိုအကောင်တွေပစ်တဲ့ လက်နက်ကြီး ထိမှန်တာ။ ကိုယ်ဝန်ဆောင်တွေ စစ်ရှောင်တွေ ထိမှန်သွားတယ်။ ကိုယ်ဝန်ဆောင်ကတော့ စိုးရိမ်ရတယ်။ အခြား စိုးရိမ်ရတာလည်း ရှိတယ်။ လားရှိုးအခြေအနေက ဘာဖြစ်မှာလည်းဆိုတာ ရင်တမမနဲ့ စောင့်နေရတာ” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

လက်ရှိ၌ ရ-မ-ခ တိုင်းစစ်ဌာနချုပ်အနီး၌ တိုက်ပွဲများ ပြင်းထန်နေပြီး ရ-မ-ခ ဧရိယာအတွင်း၌ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားမိသားစုများ၊ ပြည်သူများ စစ်ရှောင်နေရသည်။

 

#PeopleMedia


Share this post