• Follow Us on
Latest News

Home စစ်သွေးကြွ NUG နှင့် PDF အဖွဲ့များ သတ်ဖြတ်မှုကြောင့် သံဃာတော် (၉၃) ပါး ပျံလွန်တော်မူ

စစ်သွေးကြွ NUG နှင့် PDF အဖွဲ့များ သတ်ဖြတ်မှုကြောင့် သံဃာတော် (၉၃) ပါး ပျံလွန်တော်မူ

Share this post

နေပြည်တော်၊ ဇွန် ၂၅

 

မြန်မာနိုင်ငံတွင် စစ်သွေးကြွ NUG နှင့် PDF အဖွဲ့ဝင်များ သတ်ဖြတ်မှုကြောင့် လေးနှစ်အတွင်း သံဃာတော် (၉၃)ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 

PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် သံဃာတော် (၁၉)ပါး၊ ၂၀၂၂ ခုနှစ်တွင် သံဃာတော် (၄၄) ပါး၊ ၂၀၂၃ ခုနှစ်တွင် သံဃာတော် (၂၁)ပါး၊  ၂၀၂၄ ခုနှစ်တွင် သံဃာတော် (၉)ပါး စုစုပေါင်း သံဃာတော် (၉၃)ပါးတို့အား သတ်ဖြတ်ခဲ့သည်။

 

ယင်းအပြင် PDF အကြမ်းဖက်အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ၂၀၂၁ ခုနှစ်တွင် သံဃာတော် (၂)ပါး၊ ၂၀၂၂ ခုနှစ်တွင် သံဃာတော် (၁၈)ပါး၊ ၂၀၂၃ ခုနှစ်တွင် သံဃာတော် (၂၂)ပါး၊  ၂၀၂၄ ခုနှစ်တွင် သံဃာတော် (၃)ပါး  စုစုပေါင်း သံဃာတော် (၄၅)ပါး ပျောက်ဆုံးလျက်ရှိသည်။

 

၎င်းနောက်တွင် PDF အကြမ်းဖက်အဖွဲ့များ သတ်ဖြတ်ခဲ့သဖြင့် ၂၀၂၁ခုနှစ်တွင် သီလရှင် (၁)ပါး သေဆုံးခဲ့ပြီး (၁)ပါး ဒဏ်ရာရရှိခဲ့သည်။

 

ယင်းအတွက်ကြောင့် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ PDF အကြမ်းဖက်အဖွဲ့များကြောင့် သေဆုံးပျောက်ဆုံး ဒဏ်ရာရရှိခဲ့သည့် သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၄၀)ပါး ရှိကြောင်း သိရသည်။

 

#Photo – ဇွန်လ (၂၂)ရက်က မြင်းခြံမြို့နယ်တွင် PDF ပစ်ခတ်သဖြင့် ပျံလွန်တော်မူခဲ့သည့် သံဃာတော်တစ်ပါး

 

#PeopleMedia


Share this post