စစ်သွေးကြွ TNLA နဲ့ MNDAA တိုက်ခိုက်နေသည့် မိုင်းရယ်မြို့အတွင်းသို့ မြောက်ပိုင်းရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ SSPP အဖွဲ့ ဝင်ရောက်နေရာယူ
PUBLISHED - July 13, 2024
တောင်ကြီး၊ ဇူလိုင် ၁၃
ဒီကနေ့ နံနက်(ဇူလိုင် ၁၃) ပိုင်းက မြောက်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPP အဖွဲ့သည် ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့အတွင်းသို့ ဝင်ရောက်လာပြီး မိုင်းရယ်နဲ့ ချိတ်ဆက်ထားတဲ့ လမ်းပိုင်းကို လုံခြုံရေးရယူထားကြောင်း ဒေသခံအချို့က ပြောဆိုပါတယ်။
မိုင်းရယ်မြို့ရှိ တပ်မတော်စခန်းများကို စစ်သွေးကြွ TNLA နဲ့ MNDAA အဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါ တယ်။ မိုင်းရယ်ရှိ တပ်မတော်ရဲ့ စခန်းတွေ ကျဆုံးမှုမရှိသလို နှစ်ဘက်တိုက်ပွဲတွေက ပြင်းထန်နေတာပါ။
အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း UWSA အဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ တန့်ယန်းမြို့ထဲ ဝင်ရောက်ပြီး လမ်းပိုင်းတွေမှာ လုံခြုံရေး ရယူပေးတာတွေ ဆောင်ရွက်လျက်ရှိနေပါတယ်။
လက်ရှိ၌ မြောက်ပိုင်းရှမ်းအဖွဲ့ဖြစ်တဲ့ SSPP နဲ့ TNLA တို့ နယ်မြေ အငြင်းပွားမှုတွေ ဖြစ်ပေါ်ပြီး နှစ်ဘက်တိုက်ပွဲ တွေလည်း ဖြစ်ပေါ်နေပါတယ်။
စစ်သွေးကြွ TNLA နဲ့ MNDAA အဖွဲ့များသည် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မဘိမ်းမြို့နယ်များ ၌ စစ်ရေးဖော်ဆောင်လျက်ရှိနေသလို TNLA သည် MDY-PDF နဲ့ တွဲဖက်ပြီး မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်တွေမှာ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။
#PeopleMedia