• Follow Us on
Latest News

Home စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် စစ်ဦးစီးနှင့် စစ်ထောက်ဆိုင်ရာရည်မှန်းချက်တာဝန်များကို ပံ့ပိုးကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း တပ်ချုပ်ပြောကြား

စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် စစ်ဦးစီးနှင့် စစ်ထောက်ဆိုင်ရာရည်မှန်းချက်တာဝန်များကို ပံ့ပိုးကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

 

စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်နှင့် နိုင်ငံတော်၏ စစ်ဦးစီးနှင့် စစ်ထောက်ဆိုင်ရာ ရည်မှန်းချက် တာဝန်များကို ပံ့ပိုးကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

 

၇၅ နှစ်မြောက် စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်အချိန်ကတည်းက တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာ တပ်ဖွဲ့နေ့ အခါသမယပင်ဖြစ်ကြောင်း၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်စတင်တည် ထောင်ချိန်မှ ယနေ့ကာလအထိ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအပေါ် “ရွေ့လျားနိုင်ရန် (TO MOVE)၊ တိုက်ခိုက်နိုင်ရန် (TO FIGHT)၊ နေထိုင်နိုင်ရန် (TO LIVE)” ဆိုသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကျေပွန်အောင်စွမ်းဆောင်ခဲ့ကြသည်ကို အသိ အမှတ်ပြုကြောင်း စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်နှင့် နိုင်ငံတော်၏ စစ်ဦးစီးနှင့် စစ်ထောက်ဆိုင်ရာ ရည်မှန်းချက်တာဝန်များကို ပံ့ပိုးကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ပြောသည်။

 

စစ်အင်ဂျင်နီယာတပ်ဖွဲ့၏သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners တပ်မှ ခွဲထွက်ပြီး Burma Sapper Miners တပ်အဖြစ် စတင်သန္ဓေတည်ပေါ်ပေါက်လာ သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့ တပ်မတော်တွင်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်ပြီး တိုက်ခိုက်ရေးတာဝန်များနှင့် စစ်မြေပြင်အင်ဂျင်နီယာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကာ နိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့ကျူးကျော်သူများကို တိုက်ထုတ်ခဲ့သည်ကိုလည်း တွေ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေတ်အဆက်ဆက် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏စွမ်းဆောင်မှုများကို ကြည့်မည် ဆိုပါက လွတ်လပ်ရေးရပြီးချိန်ကစပြီး  ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် စစ်မြေပြင်အင်ဂျင်နီယာ အကူပေး တာဝန်များအပြင် ခြေလျင်တပ်များနှင့် အတူ ရဲဝံ့စွန့်စားစွာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်တည်ဆောက်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သကဲ့သို့ နယ်စပ်ဒေသများတွင်လည်း လမ်းဖောက်ခြင်း၊ တံတားများ တည်ဆောက်ခြင်းနှင့် တပ်မတော်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းစသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများ ကို ထမ်းဆောင်ခဲ့ကြကြောင်း ပြောသည်။

 

စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် စစ်ကျန်မြေမြှုပ်မိုင်းများ ရှင်းလင်းရေး လုပ်ငန်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး (Humanitarian Demining) လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အထူး မိုင်းရှင်းလင်းရေး အဖွဲ့(EOD Squad) များကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် ဖွဲ့စည်းထားရှိပြီး မြို့တွင်းမိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် စစ်ကျန် မကွဲဗုံးသီးများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

#PeopleMedia


Share this post