• Follow Us on

Home စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ဖမ်းဆီးခံရပြီ

စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ဖမ်းဆီးခံရပြီ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆောက် ယုန်ကို တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားလိုက်ပါ တယ်။

 

သီတင်းပတ်ပေါင်းများစွာကြာအောင် သံဆူးကြိုးအကာအရံတွေ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ သမ္မတယွန်ခိုလှုံနေတဲ့ သမ္မတအိမ်တော်ဝင်း ဂိတ်ထဲကနေ မော်တော်ကားယာဉ်တန်းတစ်ခုထွက်လာတာကို တွေ့မြင်လိုက်ရပါတယ်။

 

အရုဏ်မတက်ခင်ကတည်းက အဲဒီနေရာကိုရောက်ရှိလာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ က စုံစမ်းစစ်ဆေးရေးမှူးတွေအပါအဝင် အာဏာပိုင်တပ်ဖွဲ့ဝင် ၃၀၀၀ ကျော်ဟာ ယွန်ကိုထောက်ခံတဲ့လူအုပ်ကြီးနဲ့ ယွန် ရဲ့ ပြည်သူ့အင်အားပါတီ (PPP) အဖွဲ့ဝင်တွေကို တွန်းဖယ်ပြီး သမ္မတအိမ်တော်ဝင်းထဲ ဝင်ရောက်ခဲ့ကြပြီးနောက် သမ္မတ ယွန်ကို ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

 

အခုလို သမ္မတယွန်ကို ဖမ်းဆီးတာဟာ ဥပဒေနဲ့ မညီဘဲ ယွန်ကို လူသိရှင်ကြားအရှက်ခွဲဖို့အတွက် စီစဉ်ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း ယွန်ရ့ ရှေ့နေတွေက ပြောဆိုပါတယ်။

 

ယွန်ကို ဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေယူဆောင်လာတဲ့ ဖမ်းဝရမ်းဟာ တာဝန်ထမ်းဆောင်နေဆဲ တောင်ကိုရီးယား သမ္မတတစ်ယောက်ကို ဖမ်းဆီးဖို့ ထုတ်ပေးခဲ့တဲ့ ပထမဦးဆုံး ဝရမ်းဖြစ်ပါတယ်။

 

သမ္မတယွန် မကြာခင်ဖမ်းဆီးခံရတော့မယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက တင်ဆက်နေတဲ့အချိန်မှာပဲ ယွန်း ထောက်ခံသူတွေနဲ့ သမ္မတအိမ်တော်အနီးက ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ရုန်းရင်းဆန်ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာက ရိုက်တာသတင်းထောက်တစ်ယောက်က ပြောပါတယ်။

 

ယွန်ရဲ့စစ်အုပ်ချုပ်ရေးကြေညာချက်ကြောင့် တောင်ကိုရီးယားလူမျိုးတွေ ကြက်သေသေသွားခဲ့သလို အာရှတို်က်ရဲ့ ဒီမို ကရေစီအတွက်ကြွအထွန်းကားဆုံးနိုင်ငံဟာလည်း မျှော်လင့်မထားတဲ့ နို်င်ငံရေး ဝရုန်းသုန်းကားအခြေအနေကာလတစ် ခုကို ရောက်ရှိသွားရပါတယ်။

 

တောင်ကိုရီးယားလွှတ်တော်အမတ်တွေက သမ္မတယွန်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးကဖြုတ်ချဖို့ ဒီဇင်ဘာ ၁၄ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကတော့ သမ္မတယွန်အပေါ် စွပ်စွဲပြစ်တင်ချက်ကိုလက်ခံပြီး ရာထူးက အပြီးဖြုတ်ချဖို့ကိစ္စ ကို ချင့်ချိန်စဉ်းစားနေတယ်လို့ ဆိုပါတယ်။

 

Ref: South Korean investigators arrest impeached President Yoon

 

#PeopleMedia


Share this post