• Follow Us on

Home စစ်အုပ်ချုပ်ရေးအဆုံးသတ်နိုင်ရေးနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက် ပြည်ပြေးအတိုက်အခံအုပ်စု နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ ပူးတွဲကြေညာချက်ထုတ်ပြန်

စစ်အုပ်ချုပ်ရေးအဆုံးသတ်နိုင်ရေးနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက် ပြည်ပြေးအတိုက်အခံအုပ်စု နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ ပူးတွဲကြေညာချက်ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂

 

မြန်မာ့တပ်မတော်က ၎င်းတို့ တောင်းဆိုချက်များကိုလက်ခံပါက မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးဆောင်ရွက်နိုင်မည့် နိုင်ငံရေးလမ်းပြမြေပုံတစ်ခုကို မြန်မာအတိုက်အခံအုပ် စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေပူးပေါင်းပြီး ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့) က ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး မြန်မာ့တပ်မတော်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်မြောက်နှစ်ပတ်လည်နေ့မတိုင်ခင် တစ်ရက်အလိုမှာ အခုကြေညာချက်ထွက်ပေါ်လာ ခဲ့တာပဲဖြစ်ပါတယ်။

 

လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ အဲဒီပူးတွဲကြေညာချက်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ရည်ရွယ်ချက်တွေ ကို ရှင်းရှင်းလင်းလင်းဖော်ပြထားပေမဲ့ မြန်မာ့တပ်မတော်ဘက်တော့ တုံ့ပြန်ပြောကြားတာမရှိသေးပါဘူး။

 

တပ်မတော်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူတွေကို အင်အားသုံးနှိမ်နှင်းခဲ့ တဲ့အချိန်မှာ နိုင်ငံတစ်ဝန်းလက်နက်ကိုင်တော်လှန်မှုတွေထွက်ပေါ်လာပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်း ရုတ် တရက်မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

 

ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေကတော့ မြန်မာအတိုက်အခံပြည်ပြေးအစိုးရဖြစ်တဲ့ NUG အစိုးရ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ပဲဖြစ်ပါတယ်။

 

ပူးတွဲကြေညာချက်ထဲမှာပါတဲ့တောင်းဆိုချက်တွေကတော့ နိုင်ငံရေးမှာ တပ်မတော်ပါဝင်ပတ်သက်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ရွေးကောက်ခံအရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ ထား ရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်း မှုမှန်သမျှတိုက်ဖျက်ရန်၊ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒသစ် တစ်ရပ်ရေးဆွဲပြဋ္ဌာန်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တည် ဆောက်ရန်နဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးအတွက် စနစ်တစ်ရပ်ရေးဆွဲဖော်ဆောင်ရန်တို့ ဖြစ်ပါတယ်။

 

ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံထူထောင်ရေးဟာ မိမိတို့လူမျိုးအများစုနေထိုင်တဲ့နယ်မြေတွေမှာ မိမိတို့ ကိုယ်တိုင်အုပ်ချုပ်ချင်တဲ့ တိုင်းရင်းသားအုပ်စုတွေရဲ့ နှစ်ရှည်လများမျှော်လင့်နေတဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပါ တယ်။

 

ကြေညာချက်ထဲမှာ တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့တောင်းဆိုထားပေမဲ့ စစ်အုပ်ချုပ်ရေးအဆုံးသတ် ရေးနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးအတွက် ချွင်းချက်မရှိလက်ခံမှသာ ဆွေးနွေးမှာဖြစ်တယ်လို့ဆိုပါတယ်။

 

မြန်မာ့တပ်မတော်ကတော့ NUG အစိုးရကို အကြမ်းဖက်အုပ်စုတစ်စုအဖြစ်သတ်မှတ်ထားပြီး NUG နဲ့ တခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို တရားမဝင်ကြောင်း၊ အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်တာဟာလည်း တရား မဝင်ကြောင်းကြေညာထားပါတယ်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့လို့ ၎င်းတို့ကိုယ်၎င်းတို့ နာမည်ပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအုပ်စု ဟာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာ မကြာသေးခင်ကပဲ မဟာဗျူဟာမြောက်နယ်မြေတွေကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

 

Ref: Myanmar’s resistance forces suggest terms for the military’s eventual handover of power: AP

 

#PeopleMedia


Share this post