• Follow Us on

Home စစ်အေးတိုက်ပွဲကာလက ပိတ်ပင်ထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားပြော

စစ်အေးတိုက်ပွဲကာလက ပိတ်ပင်ထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂

 

ပင်လယ်နက်ကောင်းကင်ယံမှာ ဒရုန်းတွေကင်းထောက်ပျံသန်းနေတာဟာ စစ်ရေးအရ တိုက်ရိုက်ထိတွေ့မှုဖြစ် ပွားနိုင်တဲ့အန္တရယ်ရှိကြောင်း ရုရှားအစိုးရက သတိပေးနေစဉ်အတွင်း ရုရှားနိုင်ငံဟာ အရင်ကတားမြစ်ပိတ်ပင် ထားတဲ့ တာလတ်ပစ်ဒုံးကျည်တွေကိ စတင်ထုတ်လုပ်တော့မှာဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က သော ကြာနေ့ (ဇွန်လ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို အမေရိကန်ထောက်ပံ့ထားတဲ့ ကလပ်စတာခဲယမ်းတွေ တပ်ဆင် ထားတဲ့ ATACMS ဒုံးကျည်တွေနဲ့ ယူကရိန်းကပစ်ခတ်ခဲ့ရာ လူ ၄ ဦးသေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ရုရှားက စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်မယ်လို့ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ အမေရိကန်ပါဝင်ပတ်သက်မှုမြင့်တက်လာမှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန် သွားမှာဖြစ်ကြောင်း ရုရှားက ပြောပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ အခုမရှိတော့တဲ့ စစ်အေးတိုက်ပွဲကာလစာချုပ်အရ အရင်က ပိတ်ပင်တားမြစ်ထားတဲ့ ဒုံးကျည် တွေကို စတင်ထုတ်လုပ်ဖို့ လိုအပ်ကြောင်း ထိပ်တန်းလုံခြုံရေးအရာရှိတွေကို ပြောကြားခဲ့တဲ့ ရုပ်သံမိန့်ခွန်းတစ်ခု မှာ ပူတင်က ပြောပါတယ်။

 

အမေရိကန်နိုင်ငံဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် ဒိန်းမတ်နိုင်ငံကို ကီလိုမီတာ ၅၀၀ ကနေ ၅,၅၀၀ (မိုင် ၃၀၀ ကနေ ၃,၄၀၀) အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်ေွကိ မကြာသေးခင်ကပဲ ပို့ဆောင်ပေးခဲ့ ကြောင်း ၎င်းက ပြောပါတယ်။

 

“ဒီလုပ်ရပ်ကို ကျွန်တော်တို့ တုံ့ပြန်ဖို့လိုအပ်ပါတယ်။ ဒီနယ်ပယ်မှာဘာလုပ်သင့်တယ်ဆိုတာ ကျွန်တော်တို့ ဆုံး ဖြတ်ဖို့ လိုတယ်။ ကျွန်တော်တို့ အဲဒီလက်နက်စနစ်တွေ စတင်ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။” လို့ ပူတင်က ပြောပါတယ်။

 

“အဲဒီနောက်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကျွန်တော်တို့လုံခြုံရေးအတွက် အဲဒီ လက်နက်တွေကို ဘယ်မှာ တပ်ဖြန့်ချထားရမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ အဲဒီလိုလက်နက်အမျိုးအစားတွေကို တာလတ်ပစ်နျူကလီးယား လက်နက်တပ်ဖွဲ့စာချုပ် (INF) အရ အရင်တုန်းက ပိတ်ပင်တားမြစ်ခဲ့ပေမဲ့ ရုရှားဘက်က အဲဒီစာချုပ်ပါစည်းမျဉ်း တွေကို မလိုက်နာဘူးလို့ အပြစ်တင်ပြီး အမေရိကန်အစိုးရက အဲဒီသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ်မှာ ရပ် ဆိုင်းလိုက်ပါတယ်။

 

Ref: Putin Hints Russia to Start Making Previously Banned Missiles

 

#PeopleMedia


Share this post