• Follow Us on
Latest News

Home စဉ့်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ၍ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ

စဉ့်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ၍ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်၊ စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံ အနီးလမ်းမပေါ်၌ PDF များမှ လက်လုပ်ဗုံးပစ်ချတိုက်ခိုက်ရာ ပေါက်ကွဲမူကြောင့် မော်တော်ဆိုင်ကယ်ဖြင့် သွား လာနေသည့် လမ်းသွားဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၈ ရက် ည ၇ နာရီကျော်တွင် စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံအနီးလမ်းမပေါ်၌ ပေါက်ကွဲမူဖြစ်ပွား ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးရာတွင် PDF များမှ တရုတ်စုရပ်ကွက်ဘက်မှမြို့မရပ်ကွက်ဘက်သို့ ယာဉ်မောင်း (စိစစ်ဆဲ)မောင်းနှင်လာသည့် Hijet ပေါ်မှ လက်လုပ်ဗုံး ၃ လုံးဖြင့် လမ်းမပေါ်သို့ပစ်ချဖောက်ခွဲခဲ့ပြီး မြို့မရပ်ကွက်ဘက်သို့မောင်းနှင်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ထိုဗုံးပေါက်ကွဲမူကြောင့် မြို့သစဟ်ရပ်ကွက်တွင် နေထိုင့်သည့် အသက်(၃၄)နှစ်အရွယ် ဦးသီဟအောင်မှာ ချည်မျှင်စက်ရုံ လုပ်သားတစ်ဦးဖြစ်ပြီး ဘယ်ဘက်လက်ဖျံဗုံးစထိမှပေါက်ပြဲ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ၎င်း၏ဇနီးဖြစ်သူ အသက်(၄၂) နှစ်အရွယ် ဒေါ်နန်းစိုးစိုးခိုင် ဘယ်ဘက်လက်ဖျံရိုးကျိုးဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ပြီး ထိုနှစ်ဦးကို စဉ့်ကိုင်ပြည်သူ့ဆေးရုံသို့ပ့ိုဆောင်ထားရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post