• Follow Us on
Latest News

Home စဉ့်ကိုင်မြို့နယ်အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများအား ဖြုတ်ခိုးသူ ၄ ဦးနှင့် ဆက်စပ်တရားခံ ၂ ဦးတို့အား ဖမ်းဆီးရမိ

စဉ့်ကိုင်မြို့နယ်အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများအား ဖြုတ်ခိုးသူ ၄ ဦးနှင့် ဆက်စပ်တရားခံ ၂ ဦးတို့အား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား မိုင်တိုင်အမှတ် (၃၇၁/၁ မှ ၃) အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများအား အဖျက်သမားများက ယုတ်မာပက်စက်သော အကြံဖြင့် ဖြုတ်ယူဖျက်ဆီးခဲ့မှုကြောင့် မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး ခရီးစဉ် ထွက်ခွာလာသည့် အမှတ်(၉၂၄) အစုန် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည့် သတင်းအား ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များက သတင်းစုံစမ်း ဖော်ထုတ်ခဲ့ရာ မိုင်တိုင်(၃၈၅/၂)အနီးရှိ ကျူးကျော်တဲများအတွင်း မီးရထားသံလမ်းများ ဖြုတ်ခိုးခဲ့သူများ နေထိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ဇူလိုင် ၂၅ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ရာ ချမ်းငြိမ်းအောင် (ဘ) ဦးသန်းညွှန့်၊ ရန်အောင်(ဘ)ဦးမြလွင်၊ ဇော်ထက် (ဘ)ဦးချိုနှင့် နုနုဝင်း(ဘ)ဦးထွန်းအောင် တို့ ၄ ဦးအား မီးရထားသံလမ်း မူလီနှင့် ဂျိုင်းဆက်များ ဖြုတ်ရာတွင် အသုံးပြုသည့် ပိုက်ဂိုက် ၁ ချောင်း၊ မော်တော် ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ ခိုးဖြုတ်ခဲ့သော ပစ္စည်းများအား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ စက်မှုပန်းခြံ လမ်းရှိ ထိပ်တန်း (ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ်ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံ‌ရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် ဖြစ်သူ  တင်တင်ချို(ဘ) ဦးစံသိုက်နှင့် ကြွယ်မောင်(ဘ)ဦးအောင်ညွှန့် တို့ ၂ ဦးအား မီးရထား သံလမ်းဂျိုင်းဆက် ၂၄ ချောင်း၊ မီးရထားသံလမ်းမူလီ ၁၅ ချောင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

 

အထက်ပါဖမ်းဆီးရမိသူများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူ နိုင်ရေး သက်ဆိုင်ရာမှ ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စုံ စမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#Newvisionmedia


Share this post