• Follow Us on
Latest News

Home စဉ့်ကူးမြို့တွင် သံတံခါးပိမိ၍ အမျိုးသားတစ်ဦး သေဆုံး

စဉ့်ကူးမြို့တွင် သံတံခါးပိမိ၍ အမျိုးသားတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ ရှောက်ပင်ရိုးအုပ်စု၊ နွယ်ရုံကျေးရွာ၊ လပြည့်ဝန်းရပ်ကွက် တွင် အမျိုးသားတစ်ဦး သံတံခါးပိမိ၍ သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၃၁ ရက် နံနက်ခင်းအချိန်တွင် စဉ့်ကူးမြို့တွင် မိုးရွာသွန်းမှုကြောင့် ခြံဝန်းသံဘီးတပ်တံခါးမှ ပြိုလဲ ကျပြီး ထိုအနီးတွင် လမ်းသွားပြည်သူတစ်ဦးပေါ်သို့ ပိမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသေဆုံးသည့် အမျိုးသားမှာ နတ်တောင်ရေပူတွင်းစခန်းတွင် နေထိုင်သည့် အသက် (၂၆) နှစ်အရွယ် ကိုဇော်မျိုးအောင်ဖြစ်ကြောင်း ၎င်း၏ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post