• Follow Us on

Home စဉ့်ကူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် လေးဦးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စဉ့်ကူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် လေးဦးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအတွင် ပြည်ခိုင်ဖြိုးပါတီဝင် လေးဦးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

စက်တင်ဘာလ (၁၇)ရက် နံနက် (၆)နာရီခန့်က ငွေတောင်ကျေးရွာရှိ ကုဋေစုစားသောက်ဆိုင်နှင့် မြနန်း ဟေမာန် စားသောက်ဆိုင်တို့အား PDF အဖွဲ့ဝင်များမှ ကားဖြင့်ရောက်ရှိလာပြီး မြနန်းဟေမာန် စား သောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်အား ဆိုင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းဇော်တွင် နောက်စေ့ကျည်ဖောက်ဝင်ပြီး ပါးစပ်ပွင့်ဒဏ်ရာ (၁) ချက်ဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းနောက်တွင် ဦးသိန်းဇော်၏ ဇနီးဖြစ်သူ ဒေါ်သဲနုငယ်နှင့် ကုဋေစု စားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင် ချင်းနှင့် ဇနီး ဒေါ်လွင်လွင်ဋ္ဌေးတို့ သုံးဦးအား PDF အဖွဲ့ဝင်များမှ ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား မန္တလေး-မိုးကုတ် ကားလမ်းမကြီးပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်သဲနုငယ်တွင် ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ နံဘေး ကျည်ဖောက် ဝင်ဒဏ်ရာ (၁)ချက်၊ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဦးခင်မောင်ချင်းတွင် ဝဲရင်အုံ ကျည်ဖောက် ဝင်ဒဏ်ရာ (၂)ချက်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ဒေါ်လွင်လွင်ဋ္ဌေးတွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် ဝဲလက်ဖျံ ပေါက်ပြဲဒဏ်ရာ (၂)ချက် စသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

၎င်းနောက်တွင် သေဆုံးသည့် အလောင်းများအား စဉ့်ကူးမြို့ပြည်သူ့ဆေးရုံသို့ လက်ပန်းလှကျေးရွာရှိ လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post