• Follow Us on

Home စဉ့်ကူးမြို့နယ်တွင် ပြည်သူ နှစ်ဦးကို PDF အဖွဲ့ဝင်များက ပစ်ခတ်ပြီး ရွှေတူးဖော်နေသည့် ဒေသခံများကိုလည်း ရွှေဆက်မတူးရန် တားဆီးနေ

စဉ့်ကူးမြို့နယ်တွင် ပြည်သူ နှစ်ဦးကို PDF အဖွဲ့ဝင်များက ပစ်ခတ်ပြီး ရွှေတူးဖော်နေသည့် ဒေသခံများကိုလည်း ရွှေဆက်မတူးရန် တားဆီးနေ

Share this post

နေပြည်တော်၊ မတ် ၄

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံအပါ နှစ်ဦးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး မင်းပန်းတောင်ပေါ်တွင် ရွှေတူးဖော်နေသည့် ဒေသခံပြည်သူများကိုလည်း ရွှေများ ဆက်လက်တူးဖော်ခြင်းမပြုလုပ်ရန် တားဆီးနေကြောင်း သိရသည်။

 

မတ်လ (၂)ရက် နေ့ခင်း (၂)နာရီအချိန်က စဉ့်ကူးမြို့၏ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာရှိ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးခင်မောင်စိုးအား PDF အဖွဲ့ဝင်များမှ နေအိမ်ခြံဝင်းထဲသို့ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

အလားတူ မတ်လ (၂)ရက် နံနက် (၆)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် စဉ့်ကူးမြို့၏အရှေ့မြောက်ဘက် စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာနေ မိုက်ကယ် ခင်မောင်ချင်း ဆိုသူအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

မတ်လ (၃)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်ခန့်တွင် စဉ့်ကူးမြို့၏ စဉ့်ကူးမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့် အကွာ စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာအုပ်စု၊ ရေမျက်ဒေသရှိ သိဒ္ဓိအောင်ရွှေမိုး ကုမ္ပဏီဝင်းအတွင်း အခြေပြု နေထိုင်သည့် စဉ့်ကူး PDF အဖွဲ့ခေါင်းဆောင် ဝင်းဇော်ဦး(ခ)သမာန်းကျားအဖွဲ့မှ အဖွဲ့ငယ်ခေါင်းဆောင်ဖြစ် သော စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာနေ သုတ(ခ)အောင်လင်းဌေးဆိုသူ ဦးစီးသော အဖွဲ့ဝင် အင်အား (၂၅) ဦးခန့်တို့သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်လျက် ငပြင်းအင်းကျေးရွာအုပ်စု၊ မင်းပန်းတောင်ပေါ်သို့ ရောက်ရှိလာပြီး ငပြင်းအင်းကျေးရွာနှင့် အခြားကျေးရွာများမှ တောင်ပေါ်သို့ ရောက်ရှိကာ ရွှေတူးဖော်နေသော ရွာသူ/သား (၁၀၀) ဦးခန့်တို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

 

ယင်းနောက်တွင် လက်ရှိအချိန်မှ စတင်ပြီး မည်သူတစ်ဦး တစ်ယောက်မှ တောင်ပေါ်သို့လာရောက်ခြင်း၊ ရွှေ တူးဖော်ခြင်းများ မပြုလုပ်ကြရန်ပြောဆိုခဲ့ပြီး ရွာသူ/သား အားလုံးကို တောင်အောက်သို့ နှင်ထုတ်လိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post