• Follow Us on
Latest News

Home စဉ့်ကူးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် KIA တံဆိပ်ပါ ခါးပတ်များနှင့် ယူနီဖောင်းများ ဖမ်းဆီးရမိ

စဉ့်ကူးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် KIA တံဆိပ်ပါ ခါးပတ်များနှင့် ယူနီဖောင်းများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာရှိ ပင်လယ်ကြီး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် KIA တံဆိပ်ပါ ခါးပတ်များနှင့် ယူနီဖောင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ (၁၇)ရက် နံနက် (၇)နာရီ (၄၀)မိနစ်အချိန်က ပင်လယ်ကြီး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ဗန်းမော်သို့ ယာဉ်မောင်း မျိုးကို (၄၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် လှမင်းထွန်း (၃၀)နှစ် လိုက်ပါလာသည့် Exprass ကားအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့သည်။

 

ယင်းသို့ စစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် (၁၇)လမ်း၊ ၈၂x၈၃ လမ်းကြားရှိ ကားဝပ်ရှော့ဆိုင် (အမည်စိစစ်ဆဲ)ရှေ့မှ တင်ပို့ လာသော ဆာလာအိတ် (၅)အိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ KIA တံဆိပ်ပါ ခါးပတ် ၃၇၅ ချောင်း၊ ချိတ်ခါးပါတ် ၁၀၃၀ ချောင်း၊ စစ်စိမ်းတီရှပ် ၄၈၀ ထည်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထိုသို့ KIA ခါးပတ်များနှင့် ယူနီဖောင်းများ ဖမ်းဆီးရမိခဲ့သဖြင့် ယာဉ်မောင်း မျိုးကိုနှင့် ယာဉ်နောက်လိုက် လှမင်းထွန်းတို့အား လက်ပန်လှနယ်မြေ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post