စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာအုပ်ချုပ်ရေးမှူးအား PDF သတ်ဖြတ်ကာ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးတို့အား လုယက်သွား

PUBLISHED - October 25, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာအုပ်ချုပ်ရေးမှူးအား PDF များက သတ်ဖြတ်ကာ ဆိုင် ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဗေဒါ (၅၇) နှစ်သည် နေအိမ်၌မိသားစုနှင့်အတူရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဦးဗေဒါအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးဗေဒါ တွင် ဦးခေါင်းနောက်စေ့၌ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်သမားများသည် ဦးဗေဒါပိုင် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia