• Follow Us on
Latest News

Home စဉ့်ကူးမြို့နယ်၊ လက်ပံလှရှိ စစ်သွေးကြွ TNLA/PDF အကောက်အခွန်ရုံးကို တပ်မတော်မှ ဗုံးကြဲရှင်းလင်း၊ စစ်သွေးကြွ အဖွဲ့ဝင် (၃၀)ခန့် သေဆုံးပြီး များစွာ ထိခိုက် ဒဏ်ရာရ

စဉ့်ကူးမြို့နယ်၊ လက်ပံလှရှိ စစ်သွေးကြွ TNLA/PDF အကောက်အခွန်ရုံးကို တပ်မတော်မှ ဗုံးကြဲရှင်းလင်း၊ စစ်သွေးကြွ အဖွဲ့ဝင် (၃၀)ခန့် သေဆုံးပြီး များစွာ ထိခိုက် ဒဏ်ရာရ

Share this post

နေပြည်တော်၊ မတ် ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ စစ်သွေးကြွ TNLA/PDF အကောက်အခွန်ရုံးကို တပ်မတော်မှ ဗုံးကြဲရှင်းလင်းခဲ့ရာ စစ်သွေးကြွ အဖွဲ့ဝင် (၃၀)ခန့် သေဆုံးပြီး များစွာဒဏ်ရာရရှိခဲ့သည်။

 

မတ်လ (၁၄)ရက် ညနေ (၃)နာရီ (၁၇)မိနစ်က လက်ပံလှကျေးရွာရှိ စစ်သွေးကြွ TNLA/PDF အကောက်အခွန်ရုံးကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့သည်။

 

ယင်းသို့ ရှင်းလင်းရာတွင် လက်ပံလှကျေးရွာ ဈေးအနီးရှိ စစ်သွေးကြွ TNLA/PDF အဖွဲ့ဝင်များ၏ အကောက်ခွန်ရုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

 

ဗုံးပေါက်ကွဲမှုကြောင့် စစ်သွေးကြွ TNLA/PDF အဖွဲ့ဝင် အများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post