• Follow Us on

Home စဉ့်ကူးမြို့နယ် တရော်ပင်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF က မိုင်းဆွဲတိုက်ခိုက်၊ ငပြင်းအင်း ကျေးရွာမှ ကျောင်းကော်မတီအဖွဲ့ဝင် နှစ်ဦးကို PDF ဖမ်းသွား

စဉ့်ကူးမြို့နယ် တရော်ပင်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF က မိုင်းဆွဲတိုက်ခိုက်၊ ငပြင်းအင်း ကျေးရွာမှ ကျောင်းကော်မတီအဖွဲ့ဝင် နှစ်ဦးကို PDF ဖမ်းသွား

Share this post

နေပြည်တော်၊ ဇွန် ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာအုပ်စု၊ တရော်ပင်ကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား PDF အဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်သဖြင့် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီခန့်က နယ်မြေလှည့်ကင်းဆောင်ရွက်ရန် ထွက်ခွါလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တရော်ပင်ကျေးရွာ အဝင်ဝသို့ အရောက်တွင် PDF အဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ သည်။

 

ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား အောင်ဖြိုးလင်းတွင် ဘယ်ခြေထောက်ဒဏ်ရာ (၁)ချက်၊ ရဲတပ်သား ကိုကိုလင်းမောင်တွင် ဝဲတံတောင်ဆစ် ဒဏ်ရာ (၁)ချက်၊ ရဲတပ်သား ရဲဝင့်ထွန်းတွင် ယာလက် ကောက်ဝတ်ဒဏ်ရာ (၁)ချက် စသည့် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ (၁၆)ရက် နေ့ခင်း (၁၂)နာရီ (၄၅)မိနစ်အချိန်က စဉ့်ကူးမြို့နယ် ငပြင်းအင်းကျေးရွာရှိ အလယ်တန်း ကျောင်းမှ ကျောင်းကော်မတီ အဖွဲ့ဝင် (၂)ဦးကိုလည်း PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။

 

PDF အဖွဲ့ဝင်များသည် ငပြင်းအင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ရင်ကို ဖမ်းဆီးခေါ်ဆောင်ရန် လာ ရောက်ခဲ့ခြင်းဖြစ်ပြီး ဦးအောင်ရင်ကို မတွေ့ရှိသဖြင့် ကျေးရွာရှိ (အလက-ခွဲ)မှ ကျောင်းကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ဦးသိန်းဟန်နှင့် ဦးဖိုးအေးတို့ (၂)နှစ်ဦးတို့အား ဖမ်းဆီး၍ ရေမျက်ကျေးရွာဘက်သို့ ခေါ်ဆောင်သွား ကြောင်း သိရသည်။

 

#PeopleMedia


Share this post