စဉ့်ကူးမြို့နယ် နွယ်ရုံလုံခြုံရေးစခန်း ဆုတ်ခွာပေးလိုက်ရ
PUBLISHED - July 3, 2024
နေပြည်တော်၊ ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်-မတ္တရာလမ်းပိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျဉ်တောက်ပေါက်ရွာဘေးရှိ နွယ်ရုံလုံခြုံ ရေးရဲကင်းစခန်း ဆုတ်ခွါပေးလိုက်ရကြောင်း သိရပါတယ်။
နွယ်ရုံလုံခြုံရေးရဲကင်းစခန်းကို TNLA/PDF ပူးပေါင်းအဖွဲ့ဝင်တွေက ဇူလိုင်လ (၁)ရက်နေ့ နံနက် (၃)နာရီ ကျော်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင်လ (၂)ရက်နေ့ ညပိုင်းမှာ ရဲကင်းစခန်းကနေ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ ဆုတ်ခွါပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
TNLA/PDF ပူးပေါင်းစစ်အဖွဲ့ဝင်တွေအနေနဲ့ နွယ်ရုံ၊ ရွှေပြည်၊ ချောင်းကြီး၊ ပင်လယ်ကြီး စတဲ့ ရဲကင်းစခန်း တွေကို တပြိုင်နက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လက်ပန်လှလမ်းဆုံအနီးမှာရှိတဲ့ ပင်လယ်ကြီး ရဲကင်းစခန်းကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပင်လယ်ကြီးလုံခြုံရေးရဲကင်းစခန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး တပ်မတော်က လေကြောင်းနဲ့ နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
#PeopleMedia