• Follow Us on

Home စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ဝင် ရောက်ပစ်ခတ်သဖြင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရ

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ဝင် ရောက်ပစ်ခတ်သဖြင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးအတွင်းသို့ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးထွန်းရွှေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးမြင့်ဆွေတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာ (၈)ရက် ညနေ (၄)နာရီ (၅)မိနစ်ခန့်က လက်ပန်လှကျေးရွာ၊ အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကျေးရွာရှိပြည်သူများကို စမတ်ကတ်ပြုလုပ်ပေးနေစဉ် ဆိုင်ကယ် (၂) စီးဖြင့် PDF အဖွဲ့ဝင် (၃) ဦး ရောက်ရှိလာပြီး သေနတ်အရှည် (၂) လက်ဖြင့် ပစ်ခတ်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဦးမြင့်မော်တွင် နောက်ကျောမှ ဝမ်းဗိုက်သို့ ကျည်ဖောက်ထွက်ဒဏ်ရာ (၃)ချက်ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် ဦးမြင့်ဆွေတို့၏ မျက်နှာနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

 

ယင်းနောက်တွင် ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

#PeopleMedia


Share this post