စဉ့်ကူးမြို့ပေါ်တွင် လုံခြုံရေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်ကား မိုင်းဆွဲခံရပြီး ဒု-ရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ
PUBLISHED - May 2, 2024
နေပြည်တော်၊ မေ ၂
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ပေါ်တွင် လုံခြုံရေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်ကား မိုင်းဆွဲခံရပြီး ဒု-ရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလ (၁) ရက် နံနက် (၉) နာရီ (၄၅) မိနစ်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စဉ့်ကူးမြို့၊ အမှတ် (၁) ရပ်ကွက်၊ စဉ့်ကူး- ရွှေဘိုသွား ကားလမ်းမပေါ် စဉ့်ကူးမြို့အထွက်ရှိ သန္တာအောင် ထမင်းဆိုင်၏ မြောက်ဘက် ကိုက်(၅၀)ခန့် အကွာတွင် မော်တော်ယာဉ်အား ရပ်နား၍ လုံခြုံရေးဆောင်ရွက်နေကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နေစဉ် ကားလမ်းအနောက်ဘက်ရှိ ဆေးရိုးပင်တွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးအဖွဲ့မှ ဒုရဲအုပ် အောင်ကျော်ဟိန်းတွင် ယာဘက်ဂျိုင်းအောက် မိုင်းစထိမှန် ပြတ်ရှဒဏ်ရာ (၁)ချက် မစိုးရိမ်ရနှင့် ရဲတပ်သား စိုင်းမင်းကိုကိုတွင် နဖူးပေါက်ပြဲ ဒဏ်ရာ (၁)ချက်၊ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ (၁)ချက် စသည့် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
၎င်းနောက်တွင် အခင်းဖြစ်ပွါးသည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ပြီး နံနက် (၁၀) နာရီ အချိန်တွင် ဒဏ်ရာရရှိသူ နှစ်ဦးအား စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးလျက်ရှိ ကြောင်း သိရသည်။
#PeopleMedia